အားကစားချစ်ပရိသတ်များကို YTV ရဲ့ အားကစားသတင်းလေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်....ယမနေ့ မနက် နေးရှင်းလိဂ် ပြိုင်ပွဲလေးကတော့ တော်တော်လေးအရှိန်ကောင်းနေပြီပဲဖြစ်ပါတယ်.....(Group-1) အုပ်စုမှာ ဒိန်းမတ်အသင်းက ခရိုအေးရှားအသင်းကိုရှုံးနိမ့်ခဲ့ပေမယ့်လည်း အုပ်စုအဆင့်ရဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေခဲ့တာပဲဖြစ်ပါတယ်...
ဩစတီးယားပွဲစဉ်မှာကတော့ ပြင်သစ်တို့နဲ့ထိပ်တိုက်ရင်ဆိုင်ခဲ့ရပြီး ဩစတီးယားဖက်မှ ၄-၄-၂ ကစားကွက်ဖြင့် ပွဲထွက်လာခဲ့ပြီး ထိပ်တန်းကစားသမားတော်တော်များများပါဝင်ခဲ့ပါတယ်...
ပြင်သစ်ဖက်မှလည်း ၄-၂-၃-၁ ပုံစံဖြင့် ပွဲထွက်လာခဲ့ပြီး ဘန်ဇီမာ အပါအဝင် နာမည်ကြီး ကစားသမား အများအပြားနဲ့ ပွဲထွက်လာခဲ့ပါတယ်....
ပွဲစဉ်စတာနဲ့ နှစ်ဖက်စလုံး အပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲ့ စတင်လာခဲ့ပြီး ဩစတီးယားအနေနဲ့လည်း အပိုင်အခွင့်အရေးတော်တော်များများ ရရှိခဲ့ပါတယ်...ပွဲကစားချိန် ၃၆ မိနစ် ရောက်လာချိန်မှာတော့ ဩစတီးယားဖက်မှ ကွန်ရက် လိန်မာ ရဲ့ ပေးပို့မှုကနေ အန်ဒရီရာ ဝေမန် ရဲ့ မြန်ဆန်တဲ့ ကန်သွင်းချက်ကြောင့် အိမ်ရှင် ဩစတီးယားတို့ အဖွင့်ဂိုး ပိုင်ဆိုင်ခဲ့ရပါတယ်....တစ်ဂိုးရရှိပြီးတာတောင် ကစားအားမချပဲ ပြင်သစ်ဘက်ကို ဗိုလ်တစ်ပြန်ကျားတစ်ပြန် အကောင်းမွန်ဆုံး ယှဉ်ပြိုင်ခဲ့ကြပြီး ပထမပိုင်း အပြီးမှာတော့ အိမ်ရှင်တွေ ၁-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်...
ဒုတိယပိုင်းရောက်လာချိန်မှာလည်း နှစ်ဖက်စလုံးမှ တိုက်စစ်ဖွင့်ကစားခဲ့ကြပေမယ့် ပြင်သစ်ဖက်မှ သိပ်မဟန်တော့တဲ့ အနေအထားမျိုးကြောင့် အန်ဘာပေ၊ အန်ကွန်ကူ နဲ့ ဂူအန်ဒိုဇီတို့ကို ထပ်မံထည့်သွင်းပြီး တိုက်စစ်ကို အရှိန်မြှင့်လာခဲ့ကြပါတယ်...ဩစတီးယားဖက်မှလည်း ခံစစ်ကိုသိပ်ပြီး ပိတ်ဆို့ကစားခြင်းမျိုးမရှိပဲ မာန်တင်းပြီး လူသုံးယောက်ထပ်မံအစားထိုးကာ ပွဲစဉ်ကို ထိန်းဖို့ ကြိုးစားခဲ့ပေမယ့် ပွဲကစားချိန် မိနစ် ၈၀ အကျော်မှာတော့ ပြင်သစ်ဖက်မှ အန်ကွန်ကူရဲ့ တိုက်စစ်လမ်းကြောင်းခင်းပေးမှုကို အမ်ဘာပေရဲ့ အကွက်မြင်တဲ့ လူကျွံထောင်ချောက်ကိုကျော်ြဖတ်ပြီး ပွဲချိန်တစ်လျှောက် လက်စွမ်းပြနေတဲ့ ဩစတီးယား ဂိုးသမားရဲ့ ဘယ်ဘက်အပေါ်ထောင့်ကို အပြင်းကန်သွင်းချက်နဲ့ ပြင်သစ်တို့ အရှုံးကနေပြန်လည် ရုန်းထခဲ့ကြပါတယ်.....ပွဲပြီးဆုံးချိန်ထိ အကောင်းဆုံး ပွဲတစ်ပွဲအဖြစ် ယှဉ်ပြိုင်ခဲ့ကြပေမယ့်
သရေရလဒ်ဖြင့်သာ ပွဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်.....
ထိုပွဲစဉ်ရလဒ်ကြောင့် ပြင်သစ်တို့အနေနဲ့ အုပ်စုအဆင့်မှာ နောက်ဆုံးနေရာမှာပဲ ရပ်တည်ခဲ့ရပြန်ပါတယ်... ဒုတိယနေရာမှာတော့ ဩစတီးယားက ရပ်တည်နေခဲ့ပြီး တတိယနေရာမှာတော့ ခရိုအေးရှားအသင်းက ရပ်တည်နေခဲ့ပါတယ်...
ပြင်သစ်တို့အနေနဲ့ အိမ်ကွင်းမှာအနိုင်ယူနိုင်မှ အုပ်စု အခြေအနေပြန်ကောင်းလာနိုင်မယ့် အခြေအနေကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်... နောက်ပွဲတွေမှာရော ပြင်သစ်အသင်းအနေနဲ့ ဘာတွေဆက်လုပ်ပြအုံးမလဲဆိုတာ စောင့်မျှော်ကြည့်ရှုကြရင်း ပရိသတ်တို့အမြင်လေးကိုလည်း ပြောပေးခဲ့ပါဦးနော်...