အာဆင်နယ်အသင်းအနေနဲ့ ဂါဘရီရယ် ဂျီးဇုရဲ့ အပြောင်းအရွေ့စာချုပ်ကို မနက်ဖြန်မှာ အဆုံးသတ်ပြီး တရားဝင်ကြေငြာသွားမယ် လို့ နိုင်ငံတကာသတင်းဌာနဖြစ်တဲ့ တယ်လီဂရပ်က ပြောကြားထားပါတယ်….ဂျေးဇုဟာ ၂၀၁၇ ခုနှစ်လောက်မှာကထဲက မန်ချက် စတာစီးတီးအသင်းမှာ စတင်ပေါ်ပေါက်လာခဲ့တဲ့ ကစားသမားလေးပဲဖြစ်ပါတယ်…..
ငါးနှစ်တာ တစ်လျှောက်လုံး မန်စီးတီးအသင်းမှာ ကောင်းမွန်တဲ့ခြေစွမ်းတွေနဲ့ အသုံးတော်ခံပြီးနောက် ဖိုဒန် ထွက်ပေါ်လာခဲ့ ပြီးနောက်ပိုင်းမှာ မန်စီးတီးရဲ့ အမေ့ခံသူရဲကောင်းအဖြစ် ပံပိုးပေးနေခဲ့တာဖြစ်ပါတယ်…နည်းပြကြီး ဂွာဒီယိုလာရောက်လာပြီး နောက်ပိုင်းမှာလည်း တိုက်စစ်ထပ် ညာဝန်းမှာသာ ကစားပေးရပြီး ပွဲထွက်ခွင့် အတော်များများလဲ ဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်…ယခုအခါမှာတော့ ဂါဘရီရယ် ဂျေးဇုဟာ အာဆင်နယ်ကိုရောက်ရှိဖို့ လက်တစ်ကမ်းသာလိုတော့ပြီး ထိုအပြောင်းအရွှေ့ဖြစ်ပေါ် လာဖို့ကို နည်းပြကြီး အာတီတာကလည်း တော်တော်လေးကြိုးစားအားထုတ်ခဲ့ရတယ်လို့ ဆိုထားပါတယ်….
ကဲ…အားကစားချစ် ပရိသတ်တို့ရေ အာဆင်နယ်ရဲ့ ယခုရာသီ တိုက်စစ်မှာ ဘရာဇီး သား မာတီနယ်လီနှင့် ဂျေးဇုတို့ရဲ့ တွဲဖက် တိုက်စစ်လေး ဘယ်လိုမျိုး ပုံစံလေးနဲ့ အသက်ဝင်စိတ်လှုပ်ရှားဖွယ် စွမ်းဆောင်သွားမလဲဆိုတာလေးကို စောင့်ကြည့်ကြရအောင် ဗျာ….