ယနေ့မနက်အစောပိုင်း နေးရှင်းလိဂ်ရဲ့ (Group-4) အုပ်စုပွဲစဥ်များကိုယှဥ်ပြိုင်ကစားခဲ့ကြရာ ဘယ်ဂျီယံအသင်းကတော့ သူတို့ရဲ့အိမ်ကွင်းမှာ ဂိုးပြတ်သွင်းဂိုးတွေနဲ့ ဘရူဆယ်ကွင်းမှာအောင်ပွဲခံခဲ့ကြပါတယ်...ဘယ်ဂျီယံ ရင်ဆိုင်ယှဉ်ပြိုင်ကစားခဲ့ရတဲ့အသင်းကတော့ ဘိုင်ယန် legend ကြီး ဉီးဆောင်လာတဲ့ ပိုလန်အသင်းပဲဖြစ်ပါတယ်...
ပထမပိုင်း ၂၈ မိနစ်ကထဲက ပိုလန်ဖက်မှ လီဝန်ဒေါစကီးရဲ့ သွင်းဂိုးနဲ့ အကောင်းမွန်ဆုံး တိုက်စစ်ဆင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဘယ်ဂျီယံကစားသမားများဟာ ကစားအားကိုမချပဲ မိနစ် ၇၀ နီးပါးလုံး ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းကျော်ထိ ရယူပြီး ၆ ဂိုးသွင်းယူကာ ဘရူဆယ်ကွင်းမှာ ဘယ်ဂျီယံဆိုတာ မခေကြောင်းသက်သေပြသွားခဲ့ကြတာပဲဖြစ်ပါတယ်...
ထိုပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ ရီးရဲလ်ကစားသမား အေဒင် ဟာဇက်အနေနဲ့ ဘယ်ဂျီယံ ရဲ့ အကောင်းမွန်ဆုံး comeback ပွဲဖြစ်ခဲ့ပါတယ်...ဒီနေ့ပွဲကစားပုံကိုကြည့်ပြီး တော်တော်လေးအံ့အားသင့်ခဲ့ရပါတယ်လို့ ဆိုခဲ့ပါတယ်...ပြီးခဲ့တဲ့ သောကြာ နေ့ နယ်သာလန်ကိုရှုံးပြီးကတည်းက ကျနော်တို့ ပြင်ဆင်ခဲ့တယ်..ယခုသက်သေပြခဲ့ကြတယ်...
အခုလိုခြေစွမ်းနဲ့ဆို နယ်သာလန်ကိုလဲ နောက်တစ်ကြိမ် ပြန်ကန်ဖြစ်ရင် အကောင်းဆုံးကစားနိုင်မှာပါ....ဒီနေ့တော့ ကျွန်တော်တို့အသင်းကိုအားပေးတဲ့ ပရိသတ်တွေ အိပ်လို့ကောင်းတဲ့ ညတစ်ညကို ပိုင်ဆိုင်ရပါပြီ...ကျနော်လဲ ကောင်းကောင်း အိပ်ပျော်မှာပါလို့ ဆိုခဲ့ပြီး ကျနော်တို့ ပြန်လာပါပြီ..အထူးသဖြင့် ကျနော်ပေါ့ အသင်းဆီကို အရင်ကကောင်းမွန်တဲ့ ပုံစံမျိုးနဲ့ ပြန်ရောက်လာခဲ့ပါပြီလို့ ပွဲအပြီးမှာပြောဆိုသွားခဲ့ပါတယ်...
နည်းပြကြီး မာတီနက်အနေနဲ့ကလဲ အခုဆို ပြိုင်ပွဲ နှစ်ပွဲပြီးဆုံးပြီးနောက်မှာ ကျွန်တော်တို့နိုင်သလို ဝေးလ်အသင်းနှင့် ပိုလန်အသင်းကို နိုင်စေချင်ပါတယ်လို့ပြောကြားခဲ့ပြီး ကျနော့်အသင်းမှာ ကစားသမားအများအပြားရှိပြီး ဘယ်အသင်းနဲ့မဆိုရင်ဆိုင်မှာပါ တစ်သင်းစာ (သို့) တစ်သင်းစာထပ် ပိုရင်ပဲဖြစ်ဖြစ်ပေါ့...ကျွန်တော်တို့ဟာ အသင်းကောင်း
တစ်သင်းဖြစ်နေပါပြီလို့ဆိုခဲ့ပါတယ်.....
ယနေ့ပွဲမှာတော့ ဘယ်ဂျီယံအနေနဲ့ အကောင်းဆုံးတောက်ပပြသွားခဲ့ပြီး ဘရူဆယ်ကွင်းမှာ အဖွင့်ပွဲစဉ်တုန်းက ရှုံးကြွေးကို အကောင်းဆုံးပုံစံနဲ့ သက်သေပြသွားခဲ့ပါတယ်...ကောင်းမွန်တဲ့ ခြေစွမ်းကို ရရှိသွားတဲ့ ဘယ်ဂျီယံအနေနဲ့ နောက်ပွဲတွေမှာရော ဘယ်လိုမျိုးရလဒ်တွေ ရယူသွားမလဲဆိုတာစောင့်ကြည့်ရင်း ကွန့်မန့်လေးမှာ တစ်ခုခုပြောသွားပေးပါဦးနော်...