ကစားသမားအပြောင်းအရွှေ့ လှည့်ကွက်တွေ အများအပြားကြားမှာ လီဗာပူးလ်ကတော့ မန်ယူမှခေါ်ယူမယ့် ဘင်ဖီကာ တိုက်စစ်မှုးလေးကို သန်း ၁၀၀ ပေးပြီးခေါ်ယူမယ်လို့ သတင်းတော်တော်များများက ဖော်ပြနေကြပါတယ်....မန်ချက်စတာယူနိုက်တက်ဘက်မှလဲ ထိုတိုက်စစ်မှုးလေးကိုခေါ်ယူဖို့ စီစဉ်ထားတာဟာ တော်တော်လေးခရီး ရောက်နေပြီဖြစ်ပြီး ကစားသမားဘက်မှ တစ်စုံတစ်ရာ အကြောင်းပြန်ထားတာမျိုးရှိပေမဲ့ သဘောတူညီချက်အချို့ ကြောင့် ကြန့်ကြာနေမှုလေးတွေရှိနေခဲ့ပါတယ်...မန်ချက်စတာယူနိုက်တက်ဘက်မှ အဆိုပါကစားသမားလေးကို ၉၅ သန်း အပြင်ကစားသမားတစ်ဦးကိုပါ အလိုက်ပေးကမ်းလှမ်းထားတယ်လို့ လွန်ခဲ့တဲ့ငါးရက်လောက်က သတင်းတစ်ခုက ဖော်ပြထားပါတယ်....
ဒါဝင်နူးနက်ဆိုတဲ့ကစားသမားလေးဟာ 2020 ခုနှစ်မှာ ဘင်ဖီကာအသင်းကိုရောက်ရှိလာခဲ့ပြီး ဘင်ဖီကာအသင်းမှာ ၈၅ ပွဲကစားပြီး ၄၈ ဂိုးသွင်းယူထားတဲ့ ကစားသမားလေးပဲဖြစ်ပါတယ်...ယမန်နှစ်မှာမှ ဘင်ဖီကာတိုက်စစ်မှာ တောက်ပလာခဲ့တဲ့ ကစားသမားလေးဖြစ်ပြီး ဘင်ဖီကာအသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲ တစ်လျှောက်ဂိုးတွေသွင်းယူပြီး ပြိုင်ဖက်အသင်းနောက်တန်းတွေကို အလုပ်ရှုပ်စေတဲ့ ကစားသမားလေးအဖြစ်နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်...လီဗာပူးလ်အသင်းမှ ယခုနှစ်အကောင်းဆုံး ခံစစ်မှုး ဗန်ဒိုက်ကလဲ ထိုကစားသမားလေးဟာ ခံစစ်မှာ ရင်ဆိုင်ရအခက်အခဲဆုံး ကစားသမားအဖြစ်သတ်မှတ်ထားတာဖြစ်ပြီး ဂျာဂျင်ကလော့ကလဲ နောက်ရာသီမှာ ပြိုင်ဖက်အသင်းများကို ယှဉ်နိုင်ရန် ထိုကစားသမားလေးကို အလိုရှိနေတာပဲဖြစ်ပါတယ်... ကစားသမားရဲ့ ပြောကြားချက်အချို့အရ ပရီးမီးယားလိဂ် ကလပ်ထပ် စီးရီးအေ အသင်းကိုလဲပြောင်းချင်နေတယ်လို့လဲသိရပါတယ်....
ပရီးမီးယားလိဂ် အသင်းများရဲ့မှော်ဆန်တဲ့ အပြောင်းအရွှေ့လေးကြားမှာ ဒါဝင်နူးနက်အနေနဲ့ ပရီးမီးယားလိဂ်အသင်းဆီပဲရောက်ရှိလာမလဲ စီးရီးအေ ကလပ်ကိုပဲပြောင်းရွှေ့သွားမလား...ဘောလုံးချစ်ပရိသတ်ကြီးအနေနဲ့ကရော ဒါဝင်နူးနက်စ်လေးကို ဘယ်အသင်းမှာမြင်ချင်လဲဆိုတာလေးကို ကွန့်မန့်လေးမှာ ဖြေသွားပေးပါဦးနော်....