ယနေ့မနက်ကျင်းပခဲ့တဲ့ နေးရှင်းလိဂ် ပွဲစဉ်များထဲက အင်္ဂလန် အသင်းကတော့ ယနေ့ ရှုံးနိမ့်မှုကြောင့် တန်းဆင်းဖို့ ပိုမိုနီးစပ်လာပြီပဲ ဖြစ်ပါတယ်….အင်္ဂလန်အသင်းဟာ League A (Group-3) မှာကျရောက်နေပြီး ဟန်ဂေရီအသင်းကိုရှုံးနိမ့်မှုကြောင့် အဆင့်လေးမှာ ရမှတ် ၂ မှတ်နဲ့ ရပ်တည်နေခဲ့ရပါတယ်..ထိုအုပ်စုရဲ့ ပထမနေရာမှာတော့ ဟန်ဂေရီအသင်းက ဦးဆောင်နေပြီး ဒုတိယနေရာမှာတော့ ယနေ့မနက်က အီတလီအသင်းကို ဂိုးပြတ်နိုင်သွားတဲ့ ဂျာမနီအသင်းကရပ်တည်နေခဲ့ပါတယ်. တတိယနေရာမှာတော့ အီတလီ အသင်းက ရမှတ် ၅ မှတ်နဲ့ ရောက်ရှိနေတာပဲဖြစ်ပါတယ်….
ယနေ့မနက် အင်္ဂလန်ပွဲမှာလည်း အိမ်ကွင်းပွဲဖြစ်တာကြောင့် နည်းပြကြီးဆောက်ဂိတ်အနေနဲ့ လူစုံထုတ်ကစားသွားခဲ့ပြီး ဟန်ဂေရီကို ယှဉ်ပြိုင်ခဲ့ပေမဲ့ ဟန်ဂေရီ နောက်တန်းနဲ့ အလယ်တန်းတို့ရဲ့ ဟန်ချက်ညီလှတဲ့ တွဲလုံးတွေကြောင့် အကြောင်းမလှပဲ အိမ်ကွင်းမှာ ဂိုးပြတ်အရေးနိမ့်ခဲ့ရပါတယ်….အဆိုပါရလဒ်ကြောင့် ဟန်ဂေရီ အနေနဲ့ အုပ်စု ပထမနေရာကိုရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်….
ဂျာမနီအသင်းမှလဲ အီတလီကို အိမ်ကွင်းမှာ (၅-၂) ဆိုတဲ့ ဂိုးပြတ်အနိုင်ရမှုကြောင့် ဟန်ဂေရီအသင်းကို တစ်မှတ်အလျော့နဲ့ လိုက်ပါဖိအားပေးထားနိုင်ပြီပဲဖြစ်ပါတယ်…အင်္ဂလန်အသင်းအနေနဲ့ကတော့ လက်ကျန်နှစ်ပွဲ ကို အနိုင်ကစားနိုင်မှ တန်းမဆင်းဖို့ အရေးကို ရုန်းကန်ရတော့မှာပဲဖြစ်ပါတယ်….
ကဲအားကစားချစ်ပရိသတ်ကြီးရေ……နေရှင်းလိဂ်ရဲ့ အရှိန်ကတစ်ဖြည်းဖြည်းနဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ ပိုကောင်းလာပြီမို့ မိမိဘယ်အသင်းကို အားပေးတယ်ဆိုတာလေးကို ပြောပေးခဲ့ပါဦးနော်…….