အားကစားသတင်းတွေကို နေ့စဥ်စောင့်မျှော်နေကြသော အားကစားပရိသတ်ကြီးများအတွက် ဒီကနေ့တင်ဆက်ပေးချင်တဲ့သတင်းလေးကတော့ ပီအက်စ်ဂျီနည်းပြပိုချက်တီနိုဟာ ပြင်သစ်မြေကိုစွန့်ခွာဖို့နီးစပ်နေပြီဟု အီတလီဂျာနယ်လစ် ဖေဘီယိုရိုမာနို ကတွစ်တာကနေတစ်ဆင့်ဖော်ပြထားပါတယ်...
ပြင်သစ်မြေမှာ (၃) နှစ်တာကာလ ပီအက်စ်ဂျီ အသင်းကိုတာဝန်ယူ ကိုင်တွယ်ခဲ့ကာ ပြင်သစ်မှာဖလားသုံးလုံးကိုရယူပေးထားပြီး ၂၀၂၀ နှင့် ၂၀၂၂ နှစ်တွေမှာလည်း အသင်းကိုအမှတ်ပေးဇယားထိပ်ဆုံးမှာရပ်တည်နိုင်အောင်စွမ်းဆောင်ပေးထားသူဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာလည်း အမှတ်ပေးဇယားရဲ့ဒုတိယနေရာကိုရယူပေးထားနိုင်တဲ့ နည်းပြကောင်းတစ်ဦးပဲဖြစ်ပါတယ်....
လူဝယ်ရာသီများမှာလည်း အသင်းကိုအတောင့်အတင်းဆုံးဖြစ်အောင် တည်ဆောက်ထားနိုင်သူဖြစ်ပြီး နာမည်ကြီးကစားသမားတော်တော်များများကို ထိန်းချုပ်ပေးနေရတဲ့နည်းပြတစ်ဦးလည်းဖြစ်ပါတယ်... ပီအက်စ်ဂျီအသင်းအနေနဲ့လည်း နည်းပြသစ်ခန့်အပ်ဖို့ကို နောက်လာမယ့်ရက်အတောအတွင်းမှာကြေငြာသွားဖွယ်ရှိပြီး နာမည်ကြီးကစားသမားအများစုကိုဆက်လက်ထိန်းသိမ်းသွားဖွယ်ရှိနေပါတယ်... ကစားသမား အမ်ဘာပေ အနေနဲ့ စာချုပ်သစ်သက်တမ်းတိုးဖို့နီးစပ်နေတဲ့အနေအထားမှာရှိပြီး နေမာ ကတော့ ရာသီကုန်မှာထွက်ခွာမယ်လို့ လတ်တလောသတင်းတွေတော်တော်များများမှာ ဖော်ပြထားကြပါတယ်....
ပိုချက်တီနိုအနေနဲ့ ပြင်သစ်မြေကစွန့်ခွာပြီး ပရီးမီယားလိဂ်ကလပ်ဆီသို့ တစ်ဖန်ပြန်လည်ရောက်ရှိလာမလားဆိုတာတွေကိုတော့ နောက်လာမယ့်သတင်းများမှာဖော်ပြပေးသွားမှာပါ... အားကစားချစ်ပရိသတ်ကြီးအနေနဲ့ရော နည်းပြကြီးပိုချက်တီနိုကို ပရီးမီယားလိဂ်မှာပြန်မြင်ချင်လားဆိုတာလေးကိုတော့ ကွန့်မန့်လေးမှာ ဖော်ပြပေးခဲ့ပါဦးနော်....