ရီးရဲလ်ကနေ ဂါရတ်ဘေးလ်အနေနဲ့ ထွက်ခွာလာခဲ့ပြီးနောက်မှာ ခေါ်ယူချင်နေတဲ့ ပရီးမီးယားလိဂ်ကလပ်တွေရှိနေခဲ့ပေမယ့် ဂီတာဖေးအသင်းက စတင်ကမ်းလှမ်းလာမှုကို ဂါရတ်ဘေးလ်အနေနဲ့ ငြင်းပယ်ခဲ့တာပဲဖြစ်ပါတယ်...
သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဂါရတ်ဘေးလ်ပြောသွားတာကတော့ "အနာဂတ်မှာပြောင်းမယ့်အသင်းကိုတော့ မဆုံးဖြတ်ရသေးပါဘူး....ရွေးချယ်စရာတွေရှိလာခဲ့ရင်တောင် ဂီတာဖေးတော့ မသွားချင်ဘူး" ဆိုပြီး သတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားတာပဲဖြစ်ပါတယ်...
အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂါရတ်ဘေးလ်ဟာ ရီးရဲလ်အသင်းမှာ ၉ နှစ်တာ အကောင်းဆုံး တောင်ပံကစားသမား အဖြစ်ကစားပေးခဲ့ပြီး နည်းပြကြီး ဇီဒန်း လက်ထက်က BBC တိုက်စစ်အတွဲမှာ အကောင်းမွန်ဆုံး တောက်ပသွားခဲ့တဲ့ ကစားသမားတစ်ဦးပဲဖြစ်ပါတယ်...ယခုချိန်မှာ အသင်းလက်လွတ်ဖြစ်နေပေမဲ့ သူ့အနေနဲ့ ရွေးချယ်စရာတွေများပြားနေတာပဲဖြစ်ပါတယ်...အသက်အရွယ်အရ အကျပိုင်းရောက်ဖို့ နီးစပ်နေပေမယ့် လက်ရှိနိုင်ငံပွဲကိုပဲအာရုံစိုက်နေရတာမို့ ဝေးလ်အသင်းမှာ ဘယ်လိုပေးဆပ်ကစားသွားရမယ် ဆိုတာကိုပဲ စိတ်ထဲထည့်ထားပါသေးတယ်လို့ ဆိုထားပါတယ်...
အားကစားကိုချစ်မြတ်နိုးတဲ့ ပရိတ်သတ်ကြီးအနေနဲ့ကရော ဂါရတ်ဘေးလ်ကိုဘယ်အသင်းမှာမြင်စေချင်လဲ ဆိုတာလေးကို ပြောသွားပေးခဲ့ပါဦးနော်.....