တော့တင်ဟမ် စပါးအသင်းအနေနဲ့ လက်ရှိနွေဈေးကွက်မှာနည်းပြကြီး ကွန်တီအနေနဲ့ သူ့၏တပည့်ဟောင်း ပယ်ရီစစ်နှင့် ဂျူဗင်တပ်မှ ဘန်တမ်ကာ အခြားသောကစားသမားငါးဦးအထိ ခေါ်ယူထားပြီ ဖြစ်ပြီး အသင်းမှလည်း ထွက်ခွာတော့မယ့် ကစားသမား များလည်း ရှိနေတာပဲဖြစ်ပါတယ်….
ထိုကစားသမားများမှာ ကွင်းလယ်က ဟယ်ရီဝင့်စ် နှင့် ကိုရီးယားတိုက်စစ်ကစားသမားလေး ဆွန်ဟောင်မင်တို့ပဲဖြစ်ပါတယ်…. စပါးအသင်းဟာ မန်ယူနှင့် အပြိုင်ခေါ်ယူနေရသည့် အဲရစ်ဆင်နှင့်လည်း သတင်းတွေထွက်နေပြီး လိဒ်အသင်းမှ ရာဖင်ဟာကိုလည်း ကမ်းလှမ်းမှုတွေ ပြုလုပ်ထားတယ်လို့ သိရပြီး လက်ရှိအသင်းမှထွက်ခွာမယ့် ကစားသမားနှစ်ဦးကို ယခုဈေးကွက်မှာရောင်းထုတ် သွားမလားဆိုတာကတော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်….ဟယ်ရီဝင့်စ်ကိုတော့ လက်စတာနှင့် အဲဗာတန်တို့ ကခေါ်ယူရန်ကမ်းလှမ်းထားပြီး ယမန်နှစ်က ရွှေဖိနပ်ဆုနဲ့သာ ကျေနပ်ခဲ့ရတဲ့ တောင်ကိုရီးယားသားလေး ဆွန်ဟောင်မင် ကတော့ ပရီးမီးယားလိဂ်ကို စိတ်နာကာ လာလီဂါ အသင်းဖြစ်တဲ့ ရီးရဲလ်အသင်းဆီကိုပြောင်းရွှေ့ကစားတော့မယ်လို့ သတင်းများက ဖော်ပြထားကြပါတယ်…တော့တင်ဟမ်ဟော့စပါးအသင်းမှာ နှစ်ဦးစလုံးကတော့ စွမ်းဆောင်ရည်ပြည်ဝတဲ့ကစားသမားလေးတွေဖြစ်ပြီး အသင်း ပြောင်းရွှေ့ခြင်းဖြစ်ပေါ်လာမလားဆိုတာကိုတော့ နောက်လာမယ့် သတင်းများမှာ ထပ်မံဖော်ပြပေးသွားပါမယ်နော်….
အားကစားချစ်ပရိသတ်ကြီးအနေနဲ့ကရော အဆိုပါကစားသမားလေးတွေကို တော့တင်ဟမ် ဟော့စပါးမှာပဲ မြင်တွေ့စေချင်လား….. အခြားအသင်းကိုပြောင်းရွှေ့ကစားစေချင်လား…..ဆိုတာလေးတွေကိုပြောပြပေးခဲ့ပါဦးနော်….