မန်ယူကနေထွက်ခွာတော့မယ့် ဟွမ်မာတာ၊ ဂျက်စီလင်ဂတ် နှင့် ပေါလ်ပေါ့ဘာ…..

မန်ချက်စတာမြေကနေ ထွက်ခွာတော့မယ့် ကစားသမားအများစုမှာ ကစားသမားသုံးယောက်ကတော့သေချာသွားခဲ့ပြီပဲဖြစ်ပါတယ်....ဟွမ်မာတာကလဲ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး မန်ယူအသင်းတွင် ၉ နှစ်တာကာလ ပေးဆပ်ကစားခဲ့ကာ လူးဝစ်ဗန်ဟား ကိုင်တွယ်ကထဲက ချယ်လ်ဆီးမှပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မော်ရင်ဟို နှင့် ဆိုးရှား ကိုင်တွယ်သော ပွဲစဥ်များမှာလည်း ကျရာနေရာမှာ အကောင်းမွန်ဆုံး ခြေစွမ်းတွေနဲ့ ကစားပြနိုင်ခဲ့ပါတယ်....

အသက်အရွယ်နဲ့မလိုက်အောင် ယခုချိန်ထိ ကိုယ်ပိုင်စတိုင်နဲ့ တောက်ပနေခဲ့တဲ့ ဟွမ်မာတာကိုတော့ မန်ယူအသင်းအနေနဲ့ ယခုနှစ်မှာ လက်လွှတ်လိုက်ရတော့မှာပါ..

ဂျက်စီလင်ဂတ်ဟာလည်း တန်ဟက်လက်ထက်မှာနေမလိုဟန်နှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ ယခုချိန်မှာထွက်ခွာတော့မှာပဲဖြစ်ပါတယ်...ထိုလူငယ်လေးဟာဆိုရင်လည်း ဗန်ဟားလက်ထက်မှာတောက်ပလာခဲ့တဲ့ ကစားသမားလေးတစ်ဦးပဲဖြစ်ပါတယ်....

မက်ဆီလိုတင်စားခံခဲ့ရတဲ့ကောင်လေးဟာ ဗန်ဟားပွဲစဥ်များမှာအကောင်းဆုံးတောက်ပနိုင်ခဲ့ပြီး မော်ရင်ဟို ကိုင်တွယ်ခဲ့တဲ့ ပွဲစဥ်များမှာတော့မိသားစု ပြဿနာလေးတွေအချို့ဖြင့် ရင်ဆိုင်ရပြီး ခြေစွမ်းမတည်ငြိမ်မှုတို့ဖြင့် ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်....

နောက်ပိုင်းမှာလည်း ခြေစွမ်းမတည်ငြိမ်ဖြစ်တည်မှုကြောင့် ဆိုးရှားက ဝက်ဟမ်း အသင်းသို့ အငှားချခံခဲ့ရပြီး ရန်းနစ် ပြန်လည်ကိုင်တွယ်ချိန်မှာ ပြန်လည်ခေါ်ယူထားတာဖြစ်ပါတယ်....သို့ပေမဲ့ ကစားကွက်အံမဝင်မှုနှင့် အချို့သောပြဿနာလေးတွေကြောင့် ရာသီကုန်အထိ အရံခုံမှာပဲ အများဆုံး ထိုင်နေခဲ့ရတာဖြစ်ပါတယ်...

ထို့ကြောင့် ဂျက်စီလင်ဂတ်အနေနဲ့ ယခုနှစ်စာချုပ်သက်တမ်းကုန်ဆုံးတာနဲ့ ထွက်ခွာတော့မယ်လို့ မန်ချက်စတာယူနိုက်တက် တွစ်တာမှ ပြောကြားထားတယ်လို့သိရပါတယ်..

မန်ချက်စတာယူနိုက်တက် ပရိသတ်ကြီးအနေနဲ့ရော ထိုကစားသမားလေးကို မန်ယူမှာ ထပ်ရှိစေချင်ကြလားဗျ....

ပေါလ်ပေါ့ဘာတစ်ယောက်ကတော့ ၂၀၁၆ ခုနှစ် မော်ရင်ဟို လက်ထက်မှာ ရီးရဲလ်အသင်းမှ ပြန်လည်ခေါ်ယူခဲ့တာြဖစ်ပြီး စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်....

ပြောင်းရွှေ့လာပြီးနောက်ပိုင်းမှာ ခြေစွမ်းကောင်းမွန်မှုတွေကြောင့် ကွင်းလယ်ဗိုလ်ချုပ်အဖြစ် တစ်ရာသီလောက် ခြေစွမ်းကောင်းတွေကို ပြသပေးခဲ့ပြီး နောက်ပိုင်းမှာ မန်ယူပရိသတ်များရဲ့ ဝေဖန်မှုတွေကို ဆက်တိုက်ဆိုသလို ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်....

ခြေစွမ်းမတည်ငြိမ်မှုတွေကိုလဲ ကြုံတွေ့နေရသလို ကွင်းလယ်မှာသာ ဦးစားပေးနေပြီး နောက်တန်းပံပိုးမှု အားနည်းမှုကြောင့် နည်းပြရန်းနစ်က ပွဲစဥ်တော်တော်များများမှာ ချန်လှပ်ထားခဲ့တာပဲဖြစ်ပါတယ်.....ပေါ့ဘာဟာ ယခုနွေရာသီမှာဆိုရင် စာချုပ်သက်တမ်းကုန်ဆုံးကာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ပြောင်းရမှာပဲဖြစ်ပါတယ်...

စီးရီးအေ အသင်းကလပ် တော်တော်များများမှလဲ ပေါ့ဘာကို ခေါ်ယူဖို့ စောင့်ဆိုင်းနေတယ်လို့ သတင်းတော်တော်များများက ဖော်ပြနေကြပါတယ်...မန်ယူအနေနဲ့ကတော့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီးကာမှ အလွတ်နဲ့ထွက်ခွာခွင့်ပေးရတော့မယ်ဆိုရင် ရင်ဘတ်ထဲမှာ တစ်ခုခုတော့ကျန်ခဲ့မယ်လို့ထင်မိပါတယ်ဗျ...မန်ယူချစ်ပရိသတ်ကြီးတို့ရော ဘယ်လိုထင်မြင်မိလဲဆိုတာလေးတွေကို ကွန့်မန့်လေးမှာမန့်ပေးသွားခဲ့ပါဦးနော်......