လက်ရှိချန်ပီယံလိဂ်ဖလားကို ရယူပေးထားနိုင်ခဲ့တဲ့ ရီးရဲလ်အသင်းမှ တောင်ပံကစားသမားနှစ်ယောက်ဟာ ယခုနှစ်နွေရာသီမှာ အသင်းမှထွက်ခွာမယ်လို့သိရပါတယ်...အဆိုပါကစားသမားတွေကတော့ဂါရတ်ဘေးလ် နှင့် အစ္စကို တို့ပဲဖြစ်ပါတယ်....
အဆိုပါကစားသမားနှစ်ယောက်ဟာ နည်းပြကြီးအန်ချလော့တီ လက်ထက်မှာ ပွဲထွက်ခွင့်နည်းပါးပြီး တစ်ရာသီလုံးမှာ ဂိုးရရှိမှုပါ ဆုံးရှုံးထားရတဲ့ကစားသမားတွေဖြစ်ပါတယ်....
အဆိုပါကစားသမားတွေဟာ ၂၀၁၃ ခုနှစ် လောက်ထဲက ရီးရဲလ်မက်ဒရစ် ကစားသမားအဖြစ် ရောက်ရှိလာခဲ့ကြတာဖြစ်ပြီး နည်းပြကြီးဇီဒန်း လက်ထက်မှာ အားကိုးအားထားပြုရတဲ့ တောင်ပံနှစ်စုံအဖြစ် လျှမ်းလျှမ်းတောက်ခဲ့ကြပါတယ်....ရီးရဲလ်တောင်ပံနှစ်ဖက်ကို ၉ နှစ်တာ အသုံးတော်ခံခဲ့ပြီးနောက် နည်းပြ အန်ချလော့တီ လက်ထက်မှာတော့ ပွဲထွက်ခွင့်နည်းလာခဲ့ပြီး ဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်ခဲ့ရချိန်များနေခဲ့တာဖြစ်ပါတယ်...
၂၀၂၂ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီးမှာတော့ ဂါရတ်ဘေးလ်နဲ့ အစ္စကိုတို့ အသင်းကထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့သိရပါတယ်....
အစ္စကိုကတော့ ထွက်ခွာသွားခဲ့ပြီလို့သတင်းတော်တော်များများကဖော်ပြထားကြပြီး သူ့ကိုကမ်းလှမ်းမယ့် အသင်းကိုစောင့်မျှော်နေတယ်လို့အကြမ်းဖျင်း သိရှိထားရပါတယ်...ဂါရတ်ဘေးလ် အနေနဲ့လဲ ထွက်ခွာခွင့် ရရှိထားပြီး ပရီးမီးယားလိဂ် ကလပ်တော်တော်များများရဲ့ ကမ်းလှမ်းမှုကိုရရှိထားတယ်လို့ အာတီအယ် သတင်းဌာနကဖော်ပြထားပါတယ်....
ယခုနှစ်မှာပရိသတ်ကြီးတို့အနေနဲ့ကရော ဂါရတ်ဘေးလ် ကို ပရီးမီးယားလိဂ်ရဲ့ ဘယ်အသင်းမှာ တွေ့ချင်လဲဆိုတာလေးကို ကွန့်မန့်လေးမှာ ဖော်ပြပေးခဲ့ပါအုံးနော်.....