နီမန်ဂျာ မာတစ်ဟာ မန်ယူကွင်းလယ် ခံစစ် အဖြစ် ၂၀၁၇ ခုနှစ်ကတည်းက ချယ်ဆီးအသင်းမှ ရောက်ရှိလာပြီး နည်းပြ မော်ရင်ဟို နှင့် ဆိုးလ်ရှား လက်ထက်မှာ အကောင်းမွန်ဆုံး ကွင်းလယ်ခံစစ်နေရာကို ခြေစွမ်းပြ ကစားပေးခဲ့ပြီး နောက်ပိုင်းမှာ တော်မီနေး နှင့် ဖရက်ဒ် တို့ရဲ့ နေရာယူမှုတွေနဲ့ ဒဏ်ရာပြဿနာ အနည်းငယ်ရှိခဲ့တာကြောင့် ဆိုးလ်ရှားလက်ထက်မှာ ပွဲတော်တော်များများကို လွဲချော်ခဲ့ရပြီး အရံအနေနဲ့သာ ဖြစ်ခဲ့ရပါတယ်….နည်းပြ ရန်းနစ် ရောက်ရှိလာခဲ့သော ရာသီဝက် ပွဲစဉ် များမှာလည်း ကစားကွက် အံမဝင်မှုကြောင့်အချို့ ပွဲစဉ်များမှာ ချန်လှပ်ခံခဲ့ရတဲ့ အမေ့ခံ ကစားသမားတစ်ယောက်အဖြစ် ရှိနေခဲ့ရတာပဲ ဖြစ်ပါတယ်…. အဆိုပါကစားသမားဟာ ယခုနှစ်ရာသီကုန်မှာ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာသွားခဲ့ပြီလည်း ဖြစ်ပါတယ်….
လက်ရှိမှာ မာတစ်အနေနဲ့ ရိုးမားအသင်းနှင့် ညှိနှိုင်းဖို့ ရောမမြို့ကိုရောက်ရှိနေပြီလို့လည်း သိရပါတယ်…… မာတစ်အနေနဲ့ ရိုးမားနည်းပြ မော်ရင်ဟို နဲ့ပူပေါင်းဖြစ်တာက တတိယအကြိမ်မြောက်လည်း ဖြစ်ပါတယ်….ဆာဘီးယား သားကို ချယ်ဆီးလ်အသင်းမှ မန်ယူသို့ မော်ရင်ဟိုမှခေါ်ယူထားတာဖြစ်ပြီး ကစားသမားဘဝ စတင်ခဲ့တဲ့ ဘင်ဖီကာ အသင်းကနေ ချယ်ဆီးလ် အသင်းဆီကိုလည်း မော်ရင်ဟို ကခေါ်ယူပေးထားပဲဖြစ်ပါတယ်….မာတစ်ဟာ ယခုချိန်မှာ အသက် အရွယ်အရ အကျပိုင်းကိုရောက်ရှိနေပေမယ့်လည်း မန်ယူမှာရှိခဲ့စဉ်က ပွဲပေါင်း ၁၈၀ ကျော် ကစားပေးခဲ့ပြီး လေးဂိုး သွင်းယူကာ ဆယ့်တစ်ကြိမ်မြောက် ဖန်တီးပေးပို့မှုကို ပိုင်ဆိုင်ထားတဲ့ ကစားကောင်းတစ်ဦးပဲဖြစ်ပါတယ်….
မာတစ်တစ်ယောက် ရောမမြို့ရှိ ရိုးမားအသင်းမှာ ပြန်လည်တောက်ပလာမလား ဆိုတာကိုတော့ ညှိနှိုင်းဆွေးနွေးမှုတွေကို ဆက်လက်စောင့်ကြည့် သွားရမှာဖြစ်ပြီး မန်ယူချစ်ပရိသတ်တို့အနေနဲ့ရော နီမန်ဂျာ မာတစ်ကို ဘယ်အသင်းမှာမြင်စေချင်လဲ ဆိုတာလေးတွေကို ပြောပြပေးခဲ့ပါဦးနော်…..