ယခုနှစ် ပရီးမီးယားလိဂ်နွေရာသီ အပြောင်းအရွှေ့စေျးကွက်က တော်တော်လေးအသက်ဝင်လှုပ်ရှားနေပြီး ကစားသမားအပြောင်းအရွှေ့တွေလဲတော်တော်များများ ဖြစ်ပေါ်နေပြီပဲဖြစ်ပါတယ်...
မန်ချက်စတာမြေမှ စွန့်ခွာမယ့် ကစားသမားတော်တော်များများဟာလဲ ထွက်ခွာသွားခဲ့ပြီးပဲ ဖြစ်ပါတယ်...ယခုအခါမှာ မန်ချက်စတာယူနိုက်တက်မှ ကစားသမား မားကပ်ရပ်ဖို့ဒ်ဟာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်သလို သူ့ကိုကမ်းလှမ်းထားတဲ့ စပိန် အီတလီနှင့် ပရီးမီးယားလိဂ်မှ တော့တင်ဟမ်ဟော့ စပါး ကလဲခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်...
အဆိုပါ ကစားသမားလေးဟာ ယူနိုက်တက် အကယ်ဒမီမှ ထွက်ရှိလာတဲ့ ကစားသမားလေးတစ်ဦးဖြစ်ပြီး နည်းပြ မိုယက်စ်၊ ဗန်ဟားနှင့် မော်ရင်ဟို ကိုင်တွယ်ခဲ့တဲ့ ပွဲစဥ်တော်တော်များများမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ လူငယ်ကစားသမားလေးတစ်ဦး ပဲဖြစ်ပါတယ်...ညာတောင်ပံတစ်လျှောက် မှာ လျှင်မြန်တဲ့ ပြေးနှုန်းနဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းတော်တော်များများကို ဒုက္ခပေးတတ်တဲ့ မားကပ်ရပ်ဖို့ဒ်ဟာ ကျောဒဏ်ရာ ခွဲစိတ်ပြုပြင်ပြီးနောက်ပိုင်းမှာ ခြေစွမ်း မတည်ငြိမ်မှုတွေကြောင့် နည်းပြ ရန်းနစ်လက်ထက်မှာ အီလန်ဂါလောက်နေရာမရခဲ့ပဲ အရံခုံမှာသာထိုင်ခဲ့ရတာဖြစ်ပါတယ်...ထို့အပြင် ရပ်ဖို့ဒ်ဟာ လန်ဒန်တွင် ပရဟိတလူငယ်လေးအဖြစ်နာမည်ကြီးပြီး ဟားဗက်စ်မှလဲ ဘွဲ့တံဆိပ် တစ်ခုကိုရယူထားတဲ့ ကစားသမားလေးဖြစ်ပါတယ်..ထို့ကြောင့် မန်ချက်စတာဘက်မှ ရပ်ဖို့ဒ် ကို ဆက်လက်ထိန်းသိမ်းထားစေချင်တာကြောင့် ယူရိုသန်း ၇၀ သဘောတူစာချုပ်ဖြင့် ကမ်းလှမ်းဖို့ရှိနေတယ်လို့ ရပ်ဖို့ဒ်ရဲ့ အေးဂျင့်ဖြစ်သူ ဒီဖန်တီရဲ့ ပြောြကားချက်အရသိရပါတယ်..
ရပ်ဖို့ဒ် အနေနဲ့ကလဲ ယခုနှစ် အပြောင်းအလဲပြုလုပ်ထားတဲ့ နည်းပြလက်ထက်မှာ ထပ်မံတောက်ပခွင့်ရမယ့် အခွင့်အရေးကို လိုချင်သေးကြောင်းအရိပ်အမြွက် ပြောကြားထားတာမျိုးရှိပြီး လက်ရှိစေ◌ျးကွက်အနေအထားအရ သန်း ၉၀ ကျော်လောက် တန်ဖိုးရှိနေသေးတဲ့ ကစားသမားလေးကို ပရိသတ်ကြီးအနေနဲ့ ရော ဘယ်လိုမြင်မိလဲခင်ဗျ.....ယူနိုက်တက်မှာပဲ ဆက်ရှိစေချင်လား...အခြားအသင်းကို အဆိုပါကစားသမားလေးကို အပြီးသတ်မဟုတ်တောင် အငှားချစေချင်လားဆိုတာလေးကို ကွန့်မန့်လေးမှာ ဖြေသွားပေးခဲ့ပါဦးနော်.....