မန်ချက်စတာစီးတီးမှပြောင်းရွှေ့ထွက်ခွာတော့မယ့် ရိုင်ယန်စတာလင် နှင့် အပြိုင်လုကြမယ့် အာဆင်နယ်နဲ့ချယ်လ်ဆီး…..

ပရီးမီးယားလိဂ်အပြောင်းအရွှေ့များက တော်တော်လေးခရီးတစ်ခုကိုရောက်နေပြီလို့ ဆိုရမှာပါ....လီဗာပူးလ်က မာနေး တစ်ယောက် ဘိုင်ယန်ကိုထွက်ခွာသွားပြီးနောက် မန်ချက်စတာစီးတီး အသင်းမှ ရိုင်ယန်စတာလင်ဟာလည်း ယခုနှစ်အပြောင်း အရွှေ့မှာ ထွက်ခွာတော့မယ်လို့သတင်းတွေထွက်နေပါတယ်.....လီဗာပူးလ်တို့ဖက်မှ ဆာဂျီယို မာနေးကို ဘိုင်ယန်မြူးနစ် အသင်းထံ ဈေးလျော့ရောင်းလိုက်ရပြီးနောက် ယခုစတာလင်ကိုလည်း မန်ချက်စတာစီးတီးတို့ ဈေးတင်ရောင်းဖို့ အခက်တွေ့နေ တယ်လို့လည်း သိရပါတယ်...

ယခုလက်ရှိမှာတော့ စတာလင်ကို အာဆင်နယ်နှင့်ချယ်ဆီးအသင်းတို့က အပြိုင်ကမ်းလှမ်းထားကြတယ်လို့ဆိုပါတယ်...အာဆင်နယ်ဘက်မှလည်း တိုက်စစ်ကစားသမား လာကာဇက် ကို ရောင်းချလိုက်ရတာကြောင့် တိုက်စစ်အတွက် အလိုရှိနေပြီး ချယ်လ်ဆီးအသင်းဖက်မှလည်း လူကာကူက အင်တာကိုပြောင်းဖို့ နီးစပ်နေတာကြောင့် တိုက်စစ်ကိုအားဖြည့်ဖို့ခေါ်ယူချင်နေတာပဲ ဖြစ်ပါတယ်...

စတာလင်ဟာ မနှစ်က မန်ချက်စတာစီးတီးကလပ်တွင် လူငယ်အကောင်းဆုံးကစားသမားဆုကို ရရှိသွားတဲ့ ဖေးလ်ဖိုဒန်လောက် နေရာမရပဲ ရှိနေတာကြောင့် ယခုနှစ်နွေရာသီမှာလည်း ဟာလန်းရောက်ရှိလာတာကြောင့် နေရာပျောက်ဖို့ ရှိနေတဲ့ စတာလင် အနေနဲ့ ထွက်ခွာဖို့ သေချာသလောက်ရှိနေတာလည်းဖြစ်ပါတယ်...ပြိုင်ပွဲအတွင်းကစားတဲ့ပွဲစဉ်လိုပဲ အပြောင်းအရွှေ့ဈေးကွက် ဟာလဲ တစ်စက္ကန့် အတွင်းမှာ ဘာမဆို ဖြစ်သွားနိုင်တဲ့ အနေအထားမို့ ပြောင်းရွှေ့ခြင်းဖြစ်လာမှုအပေါ်  ဆက်လက်တင်ပြပေးသွား မှာပဲ ဖြစ်ပါတယ်..

ကျွန်တော်တို့ အားကစားချစ်ပရိသတ်ကြီး အနေနဲ့ရော စတာလင်ကို ဘယ်အသင်းကို ရောက်စေချင်လဲဗျ...မန်စီးတီးအသင်းမှာပဲ ဆက်ရှိနေစေချင်လား....ပြောင်းရွှေ့သွားစေချင်လားဆိုတဲ့အဖြေလေးတွေကို ကွန့်မန့်အောက်လေးမှာ ဖြေသွားပေးခဲ့ပါဦးနော်.....