ကစားသမားပြောင်းရွှေ့ခြင်း ဖြစ်မလာသေးသော မန်ယူ နှင့် လက်လွှတ်လိုက်ရသောကစားသမားများ……

မန်ချက်စတာယူနိုက်တက်ဟာ နည်းပြကြီးတန်ဟက် လက်ထက်မှာ ကစားသမားတော်များများကို ခေါ်ယူဖို့ လမ်းကြောင်းဖွင့်ပေးထားပြီး သန်း ၁၅၀ အသုံးပြုဖို့ကိုလည်း ယူနိုက်တက်ဘုတ်အဖွဲ့က ခွင့်ပြုပေးထားတာပဲ ဖြစ်ပါတယ်...လက်ရှိမှာတော့ ကစားသမားတော်တော်များများကိုခေါ်ယူဖို့ချိတ်ဆက်နေပေမဲ့ ရေရေရာရာ ခေါ်ယူဖို့ ဘုတ်အဖွဲ့ကြားအကြောင်းပြန်တာနှောင့်နှေးမှုအချို့ကြောင့် တစ်ချို့ကစားသမားတွေကို လက်လွှတ်လိုက်ရပြီပဲ ဖြစ်ပါတယ်...

ကွင်းလယ်ခံစစ်အတွက် ရေပန်းစားနေတဲ့ ချူအာမန်နီ ကိုလည်း ရီးရဲလ်က လက်ဦးမှုရယူသွားသလို ချယ်ဆီးက ရူဒီဂါကိုလည်း ရီးရဲလ်ကပဲ ထပ်မံခေါ်ဆိုထားပြီး ရောက်ရှိဖို့နီးစပ်နေတဲ့ တိုက်စစ်ကစားသမားလေး ဒါဝင်နူးနက်ကိုလည်း ခါးသီးပြိုင်ဖက် လီဗာပူးလ်က သဘောတူညီချက်စာချုပ်ချုပ်ဆိုပြီး ခေါ်ယူသွားပြီ ဖြစ်ပါတယ်....

ကာလရှည်ကြာစောင့်ကြည့်ပြီး ခေါ်ယူဖို့ပြင်ထားတဲ့ ဟာလန်းကလည်း ယခုဆို မန်ချက်စတာစီးတီးနဲ့ စာချုပ်ချုပ်ဆိုသွားပြီး ထပ်မံချိန်ရွယ်နေတဲ့ အေဂျက်ကွင်းလယ်ခံစစ် ကစားသမားလေး ဂရာဗန်ဘက် ကိုလဲ ဘိုင်ယန်မှ ခေါ်ဆောင်သွားခဲ့ပြီပဲဖြစ်ပါတယ်.... လက်ရှိမှာ တန်ဟက် တပည့်ဟောင်းသုံဦးဖြစ်တဲ့ တင်ဘား၊ဒီဂျောင်နှင့် အန်တိုနီ တို့အပြောင်းအရွှေ့ကလဲ ယခုချိန်အထိ မျှော်တော်ရောင်အပြောင်းအရွှေ့အနေနဲ့ ဖြစ်တည်နေတာလည်း ဖြစ်ပါတယ်....ဘာစီလိုနာကနေ ကမ်းလှမ်းထားတဲ့ လီဝန်ဒေါစကီးကိုတော့ ခေါ်ယူရန်ပစ်မှတ်ထားနေပြီး ဒိုင်ဗာလာနှင့် ဝုဖ်အသင်းက ရူဗင်နီဗက်၊ဒီကလန်ရိုက် အပြင် ဟာရီကိန်း အဲရစ်ဆင်တို့ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့လဲသိရပါတယ်...

နည်းပြကြီးတန်ဟက်အနေနဲ့ နောက်ဆုံး လူဝယ်ရာသီ ရာသီပိတ်သိမ်းချိန်အထိ ဘယ်ကစားသမားတွေကို ထပ်မံဖြည့်သွင်းပြီး အဌားချကစားသမားတွေမှာရော ဂါနာ အပြင် တစ်ခြား ဘယ်လူငယ်ကစားသမားလေးတွေပါဝင်ဦးမလဲဆိုတာ ဆက်လက်စောင့်မျှော်ရင်း ချစ်သောအားကစားပရိသတ်တို့ရေ စိတ်ရှည်စွာနဲ့ပဲ စောင့်စားရင်း နောက်လ မှာကန်မယ့် လီဗာပူးလ်နှင့် ပွဲစဉ်မှာ ဘယ်သူတွေပါဝင်လာမလဲဆိုတာ ရင်ခုန်လိုက်ကြရ‌အောင်ဗျာ....