မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေထွက်လာပြန်တဲ့ Legend ကြီးရိုနယ်ဒို…..

မန်ချက်စတာယူနိုက်တက်အသင်းမှ ယမန်နှစ်က ပြန်လည်ရောက်ရှိလာခဲ့တဲ့ ရိုနယ်ဒို ကတော့ ယခုလက်ရှိ အထိ မန်ယူအသင်းရဲ့ ဖြစ်မလာသေးတဲ့ လူဝယ်ရာသီကို စိတ်ပျက်လျက်ရှိနေတာပဲဖြစ်ပါတယ်…နည်းပြကြီးတန်ဟက်အနေနဲ့လည်း ယခုနှစ်လူဝယ် ရာသီမှာ ရောက်မလာသေးတဲ့ ကစားသမားတွေအတွက် သေချာစွာစီစစ် ရွေးပေးနေပေမယ့် ဘုတ်အဖွဲ့ရဲ့ ဈေးစစ်နေမှု ကြောင့် ကြန့်ကြာနေရတာပဲ ဖြစ်ပါတယ်….

ရိုနယ်ဒိုကတော့ ယမန်နှစ်ရာသီမှာ ပွဲ ၃၀ ကန်ထားရာမှာ ၁၈ ဂိုး သွင်းယူပေးထားပြီး မန်ယူရဲ့တိုက်စစ်ကိုအကောင်းမွန်ဆုံး ထောက်ပံ့ပေးထားနိုင်ခဲ့ပါတယ်….ရိုနယ်ဒိုအနေနဲ့ မန်ယူနှင့် တစ်နှစ်စာချုပ်ကျန်ရှိနေပြီး အသက်အရွယ်နှင့်မလိုက်အောင် ကောင်းမွန်တဲ့ခြေစွမ်းတွေ ပိုင်ဆိုင်ထားတဲ့ကစားသမားတစ်ဦးပဲဖြစ်ပါတယ်…

ရိုနယ်ဒိုတစ်ယောက် မန်ယူကထွက်ခွာမည်ဆိုပါက ခေါ်ယူမည့် အသင်းအမြောက်အမြားရှိနေပြီး မန်ယူရဲ့ ပြိုင်ဘက်အသင်း အာဆင်နယ် အသင်းမှလဲ ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သတင်းအချို့က ဖော်ပြနေကြပါတယ်…ထွက်ခွာမယ်ဆိုတဲ့ သတင်းကိုတော့ ကစားသမားဘက်မှ အတိအလင်းမပြောထားပေမယ့် ရှေ့ဆက်ပြီး မန်ယူရဲ့ ကစားသမားအပြောင်းအရွှေ့များ အပေါ် ဆုံးဖြတ်မှု တစ်ခု ထွက်လာမယ်လို့ ကြားသိထားရပါတယ်… ပရိသတ်တို့ကြီးတို့ အနေနဲ့ရော Legend ကြီးကို အသင်းမှာ ဆက်နေစေချင်လား ပြောင်းစေချင်လားဆိုတာလေးတွေကို ကွန့်မန့်လေးမှာ မန့်ပေးခဲ့ပါဦးနော်……