မန်ချက်စတာယူနိုက်တက်အနေနဲ့ ယခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလမှာ သွေးအေးနေဆဲဖြစ်ပြီး ခေါ်ယူဖို့ချိန်ရွယ်နေတဲ့ကစား သမားတော်တော်များများကိုလည်း လက်လွှတ်ပေးနေရပြီပဲဖြစ်ပြီး ယခုအခါမှာလည်း လိဒ်အသင်းက ကွင်းလယ်ကစား ကယ်ဗင် ဖိလစ်ကိုပေါ့ဘာနေရာတွင်အစားထိုးခေါ်ယူဖို့ ကြံရွယ်နေပေမဲ့ နှောင့်နှေးနေတဲ့ ဘုတ်အဖွဲ့ဝင်များရဲ့ ဆုံးဖြတ်ချက် တွေကြောင့် မြို့ခံပြိုင်ဘက် မန်စီးတီးက ခေါ်ယူဖို့ ညှိနှိုင်းနေပြီး ၄၅ သန်း တန်ကြေးပေးဆောင်ဖို့ ကမ်းလှမ်းထားပြီလည်းဖြစ်ပါတယ်….
အဆိုပါကွင်းလယ်ကစားသမားလေးဟာ ယမန်နှစ်က လိဒ် ကွင်းလယ်ခံစစ်နေရာတွင်အားဖြည့်ကစားထားခဲ့တာဖြစ်ပြီး အသက် ၂၆ နှစ်သာရှိသေးတဲ့ အဆိုပါကစားသမားလေးဟာ လိဒ်အသင်းကို ၂၀၁၄ ခုနှစ်က ရောက်ရှိလာခဲ့ပြီး ကွင်းလယ် ရှေ့နောက်ကစား ကွက်ဖော်ဆောင်မှုမှာ ခရာကျခဲ့တဲ့ ကစားသမားလေးပဲဖြစ်ပါတယ်.လက်ရှိအချိန်မှာတော့ အဆိုပါကစားသမားလေးဟာ လိဒ်အသင်းအတွက် ၂၃၄ ပွဲကစားထားပြီး ၁၄ ဂိုးသွင်းယူပေးထားတဲ့ ကွင်းလယ်ခံစစ်ကစားသမားကောင်းလေးတစ်ဦးအဖြစ် ရပ်တည်နေခဲ့ပါတယ်….
မန်ချက်စတာယူနိုက်တက်အနေနဲ့ မနှစ်ကလည်း ကွင်းလယ်ခံစစ်ပြဿနာကြောင့် အဆင့် ၆ နေရာမှာသာ ရပ်တည်ခဲ့ရတာဖြစ်ပြီး ယခုကစားသမားလေးကိုလက်လွှတ်ပေးလိုက်မလားဆိုတာကို နောက်သတင်းများမှာ စောင့်မျှော်ရှုစားပေးပါဦးနော်…