အားကစားသတင်းများကို နေ့စဉ်မပြတ်အားပေးနေကြသော အားကစားဝါသနာရှင် ပရိသတ်ကြီးများကို ပြန်လည်ကြိုဆိုလိုက် ပါတယ်…ဒီကနေ့ ကျနော်တို့ YTV Website လေးကတင်ဆက်ပေးချင်တဲ့သတင်းလေးကတော့ ပရီးမီယားလိဂ် သမိုင်းရဲ့ ရိုနယ်ဒိုတို့ ခေတ်အလွန် ပြောင်းရွှေ့ကြေးအများဆုံး ကစားသမား (၁၀) ဦးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်….
အဆင့် (၁၀)ကနေ စလိုက်ကြရအောင်ဗျာ….ပြောင်းရွှေ့ကြေး အများဆုံး အဆင့် (၁၀) မှာရပ်တည်နေတာကတော့ ချယ်လ်ဆီး အသင်းကနေ လက်ရှိ ဂျူဗင်တပ်အသင်းမှာကစားနေတဲ့ အယ်ဗာတို မိုရာတာ ဆိုတဲ့ကစားသမားလေးပဲဖြစ်ပါတယ်….သူ့ကို ရီးရဲလ်ကနေချယ်လ်ဆီးအနေနဲ့ ၂၀၁၇ ခုနှစ်လောက်ကခေါ်ယူခဲ့ပြီး အသင်းကစားကွက်နဲ့ အံမဝင်လို့ (၆၆)သန်းနှင့် ဝယ်ရကျိုးမနပ် ခဲ့တာပဲဖြစ်ပါတယ်….အဆင့် (၉) နေရာမှာကတော့ မန်ချက်စတာယူနိုက်တက်ရဲ့ နံပါတ်ခုနှစ်ကစားသမား ဖြစ်လာခဲ့တဲ့ အိန်ဂျယ် ဒီမာရီယာပဲဖြစ်ပါတယ်...ဒီမာရီယာကို မန်ယူအသင်းအနေနဲ့ (၇၅)သန်းနှင့် ဝယ်ယူထားခဲ့တာဖြစ်ပြီး တစ်နှစ်တာ အိုးထရပ်ဖို့ဒ်မှာ စွမ်းဆောင်ရည်ပြည့်ဝစွာကစားပေးခဲ့တဲ့ ကစားသမားကောင်းတစ်ဦးပဲဖြစ်ပါတယ်….အဆင့် (၈) နေရာမှာကတော့ အာဆင်နယ် ကစားသမား နီကိုလက်စ် ပီပီ က ရပ်တည်နေခဲ့ပါတယ်….အာဆင်နယ်အသင်းအနေနဲ့ အဆိုပါကစားသမားလေးကို သန်း (၈၀) ပေးကာ ခေါ်ယူထားတာဖြစ်ပြီး လက်ရှိ အာဆင်နယ်အသင်းမှာတောင်ပံတစ်နေရာကို အကောင်းမွန်ဆုံး အသုံးတော်ခံနေတဲ့ ကစားသမား လေးတစ်ဦးပဲဖြစ်ပါတယ်…အဆင့် (၇) နေရာမှာတော့ ချယ်လ်ဆီးဂိုးသမားလေး ကီပါက နေရာယူထားပါတယ်…. ကီပါကို ချယ်လ်ဆီးအသင်းအနေနဲ့ သန်း(၈၀) ပေးပြီးခေါ်ယူထားတာဖြစ်ပြီး ယခုအခါမှာတော့ အဆိုပါကစားသမားလေးဟာ ဂျူဗင်တပ်အသင်းမှာ လက်စွမ်းပြကာကွယ်နေတာလည်း ဖြစ်ပါတယ်….အဆင့် (၆) အဆင့် (၅) အဆင့်(၄) နှင့် အဆင့်(၃) နေရာများမှာတော့ မန်ယူကစားသမားဖြစ်ခဲ့တဲ့ လူကာကူနှင့် လက်ရှိ အသင်းမှာရှိနေဆဲဖြစ်တဲ့ ဆန်ချို နဲ့ မက်ဂွိုင်းယားတို့ပါဝင်လာပြီး ပေါ့ဘာကတော့ အမြင့်ဆုံးကစားသမားဖြစ်နေခဲ့ပါတယ်….လူကာကူကို (၈၄.၇)သန်းနှင့်ဆန်ချိူကို (၈၅) သန်း မက်ဂွိုင်းယားကို (၈၇)သန်း ပေးခဲ့ရပြီး ပေါ့ဘာကိုတော့ (၁၀၅) သန်းအထိ ပေးကာခေါ်ယူခဲ့ရတာပဲဖြစ်ပါတယ်…အဆင့်(၂) နေရာမှာကတော့ လက်ရှိအင်တာကိုပြောင်းရွှေ့သွားပြီဖြစ်တဲ့ ချယ်လ်ဆီးရဲ့ ဂန္ထဝင် ကစားသမားလေး လူကာကူ ကပြန်လည်ရပ်တည်နေခဲ့ပါတယ်… ချယ်လ်ဆီး နည်းပြကြီး တူချယ်အနေနဲ့ ယမန်နှစ်ကမှ စံချိန်တင်ပြောင်းရွှေ့ကြေး (၁၁၃) သန်း ပေးကာ ခေါ်ယူခဲ့တာဖြစ်ပြီး ကစားပုံ အံမဝင်ခဲ့တာကြောင့် အင်တာအသင်းကို ပြန်လည်ရောက်ရှိသွားခဲ့ရတာပဲဖြစ်ပါတယ်…
နောက်ဆုံး နံပါတ် (၁) နေရာမှာ ရပ်တည်နေရတဲ့ ကစားသမားလေးကတော့ ယခုလက်ရှိ မီဒီယာတော်တော်များများမှာလည်း သတင်းမွှေးနေတဲ့ မန်စီးတီး ကစားသမား ဂျက်ဂရီးလစ်ရှ် ပဲဖြစ်ပါတယ်…..အဆိုပါကစားသမားလေးကို ယမန် နှစ်ကမှ နည်းပြကြီး ဂွာဒီယိုလာအနေနဲ့ (၁၁၈) သန်း အထိပေးပြီး အက်စတွန်ဗီလာကနေ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ကစားသမား လေးပဲဖြစ်ပါတယ်….ကဲ ပရိသတ်ကြီးတို့ရေ နောက်ပိုင်းမှာရော ဘယ်ကစားသမားတွေကို စံချိန်တင် ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူသွားမလဲဆိုတာကိုတော့ နောက်လာမယ့်သတင်းလေးတွေမှာ ဆက်လက်တင်ပြပေးသွားပါ့မယ်နော်…