TV ရဲ့ အားကစားအစီအစဉ်တွေကိုနေ့စဉ်စောင့်မျှော်နေတဲ့ ပရိသတ်ကြီးများအားလုံးကို ပြန်လည်ကြိုဆိုလိုက်ပါတယ်...ဒီနေ့မှာတော့ ယနေ့မနက်ခင်းလေးကမှ ကန်သွားတဲ့ ဆွစ်ဇလန်နဲ့ ပေါ်တူဂီပွဲစဉ်လေးအကြောင်းနဲ့အခြားသော ပွဲစဉ်များအကြောင်းကိုလည်း တင်ဆက်ပေးချင်ပါတယ်....
ယနေ့မနက်ခင်းမှာ ဆွစ်ဇလန်မြေမှာ ပေါ်တူဂီသားတို့ အရေးနိမ့်ခဲ့ကြပါတယ်....ထိပ်တန်းကစားသမားတော်တော်များများပါဝင်ခဲ့ပေမယ့် Legend ကြီး ရိုနယ်ဒိုကတော့ အကြောင်းအရာတစ်ခုကြောင့် ယခုပွဲကိုလွဲချော်ခဲ့ပါတယ်...ဆွစ်ဇာလန်ဖက်မှ ၄-၃-၃ ပုံစံဖြင့် ခင်းကျင်းကစားသွားခဲ့ပြီး ပေါ်တူဂီဖက်မှလည်း ၄-၃-၃ ကစားကွက်ဖြင့်သာ တုန့်ပြန်ကစားခဲ့ကြပါတယ်...ပွဲစစချင်းမှာပဲ ဆွစ်ဇာလန်အသင်းရဲ့ လျင်မြန်တဲ့ ကစားပုံကနေ တစ်မိနစ်စွန်းစွန်း လောက်မှာ ဆီဖာရိုဗစ်ရဲ့ သွင်းဂိုးတစ်ဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်...
ပွဲစဉ်တစ်လျှောက် ပေါ်တူဂီဖက်မှ ဖိအားပေးကစားခဲ့ပေမယ့် ဆွစ်ဇာလန်ဂိုးသမားရဲ့ လက်စွမ်းပြကာကွယ်မှုကြောင့် ပေါ်တူဂီသားတွေဆွစ်ဇာလန်မြေမှာ တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရတာပဲဖြစ်ပါတယ်....ဒုတိယပွဲစဉ်ဖြစ်တဲ့ စပိန်ပွဲစဉ်မှာလည်း စပိန်သားတို့ ချက်စ်အသင်းကို အနိုင်ယူပြီး အုပ်စုရဲ့ ထိပ်ဆုံးအဆင့် ကို တက်လှမ်းသွားခဲ့ပါတယ်...နေးရှင်းလိဂ်ရဲ့ပြိုင်ပွဲများဟာ တစ်ရက်ထပ်တစ်ရက် အရှိန်ပိုကောင်းလာနေပြီး ဘယ်အသင်းတွေ အုပ်စုဗိုလ်အဖြစ် ဦးဆောင်သွားမလဲဆိုတာကတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်သွားရတော့မှာပဲဖြစ်ပါတယ်....
ကဲပရိသတ်ကြီးတို့ရော အုပ်စု (A)ရဲ့ ဘယ်အသင်းကို အုပ်စုဗိုလ်အဖြစ်နဲ့ တက်သွားစေချင်လဲဆိုတာလေးတွေကို ပြောပြပေးခဲ့ပါအုံး