ဂျာမနီသားတွေနဲ့ သရေတစ်မှတ်ခွဲယူခဲ့ကြတဲ့ အင်္ဂလန်နဲ့ အုပ်စုကနေ ပွဲကျပ်ကစားဖို့နီးလာတဲ့ အချို့သောအသင်းကြီးများ…..

အားကစားသတင်းတွေကိုနေ့စဥ်တင်ဆက်ပေးနေတဲ့ YTV sport မှပြန်လည်ကြိုဆိုလိုက်ရပါတယ်...ပရိသတ်ကြီးရေ ယနေ့မနက်ခင်း အစောပိုင်းမှာ ယှဥ်ပြိုင်ကစားခဲ့ကြတဲ့ ဂျာမနီနဲ့အင်္ဂလန် ပွဲစဥ်မှာ တစ်ဖက်တစ်ဂိုးစီဖြင့် သရေပွဲဖြစ်သွားခဲ့ပါတယ်....ထိုပွဲစဥ်မှာ အဓိကကစားသမားတော်တော်များများ ပါဝင်နေခဲ့ပြီးပွဲကြီးတစ်ပွဲ ဖြစ်သည်နှင့်အညီ ပရိသတ်များရှေ့မှာ တစ်ဖက်နှင့်တစ်ဖက် အမှားမခံပဲ ကောင်းမွန်သော ခြေစွမ်းတွေနဲ့ အကောင်းဆုံးပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်...ထိုပွဲစဥ်အပြီးမှာ ဂျာမနီက အုပ်စုရဲ့ တတိယနေရာမှာရပ်တည်နေပြီး အင်္ဂလန်အနေနဲ့ကတော့ အုပ်စုရဲ့ နောက်ဆုံးနေရာမှာ ရပ်တည်ခဲ့ရပါတယ်....ဂျာမနီနဲ့ အင်္ဂလန်တို့ပါဝင်နေတာကတော့ (Group-3)မှာပါ...လက်ရှိမှာ (Group-3)ကိုဦးဆောင်နေတာကတော့ အီတလီအသင်းဖြစ်ပြီး ဒီမနက်အစောပိုင်းမှာပဲ  ဟန်ဂေရီအသင်းကို အနိုင်ရရှိထားတာပဲဖြစ်ပါတယ်...

အခြားအုပ်စုပွဲစဥ်များမှာလဲ (Group-2) မှာရှိတဲ့ စပိန်က တတိယနေရာနဲ့ (Group-2)ရဲ့ အုပ်စုဇယားမှာ ထိပ်ဆုံးမှာဦးဆောင်နေတာကတော့ ပေါ်တူဂီအသင်းပဲဖြစ်ပါတယ်...

အုပ်စုပွဲစဥ်မှာ ခြေစွာနေတာကတော့ နယ်သာလန် ပဲဖြစ်ပါတယ်...နယ်သာလန်ကတော့ (Group-4) မှာရောက်ရှိနေကာ ဘယ်ဂျီယံကို ဂိုးပြတ်အနိုင်ရပြီး အုပ်စုဗိုလ်အဖြစ် ဗိုလ်စွဲနေခဲ့တာြဖစ်ပါတယ်...

ကျန်ရှိနေတဲ့ ပြင်သစ်အသင်းပါဝင်တဲ့ (Group-1)မှာလဲ ဒိန်းမတ်အသင်းမှ အုပ်စုဗိုလ်အဖြစ်ဦးဆောင်နေပြီး ပြင်သစ်အသင်းကတော့ ခရိုအေးရှားပွဲစဥ်မှာ သရေတစ်မှတ်သာရယူနိုင်ခဲ့တာကြောင့် တတိယနေရာမှာရပ်တည်နေရပါတယ်....

အသင်းကြီးတွေအတွက် နောက်ပွဲစဥ်တွေက အကျပ်အတည်းတစ်ခု ဖြစ်နိုင်ပြီး ကာတာဖလား နေးရှင်းလိဂ်ရဲ့ အုပ်စုအဆင့်ကို ဘယ်အသင်းတွေကျော်ဖြတ်နိုင်မလဲဆိုတာတော်တော်လေးစိတ်လှုပ်ရှားစရာကောင်းနေပြီပဲဖြစ်ပါတယ်...

နောက်ပွဲစဥ်တော်တော်များများမှာ အုပ်စုအလိုက် ရပ်တည်မှုတွေပြောင်းလာမလား...ဘယ်အသင်းတွေက အုပ်စုကနေ တက်ဖို့နီးစပ်မလဲဆိုတာကတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်စောင့်မျှော်ကြည့်ရှုရတော့မှာပဲ ဖြစ်ပါတယ်...ပရိသတ်ကြီးတို့အနေနဲ့ရော ဘယ် (Group)က အသင်းကို အုပ်စုဗိုလ်အဖြစ်ဗိုလ်စွဲချင်လဲဆိုတာလေးကို ကွန့်မန့်လေးမှာ မန့်ပေးသွားပါဦးနော်....