ဂိုးမိုးမြိုင်ဆိုင်မှုတွေနဲ့နိုင်ငံတကာပွဲစဉ်များမှ ကောင်းမွန်လှသော ကစားသမားမှတ်တမ်းကောက်နုတ်ချက်များ……

ယမနေ့ညက ကျင်းပခဲ့တဲ့ နိုင်ငံတကာပွဲစဉ်များတွင် နာမည်ကြီးကစားသမားအချို့ပါဝင်ခဲ့ကြပါတယ်....ချက်စ်နှင့် စပိန်ပွဲစဉ်တွင်လည်း စပိန်အသင်းမှ ဓိကကစားသမားတော်တော်များများနှင့် ပွဲထွက်လာခဲ့ပြီး မန်ချက်စတာစီးတီးတွင် ကစားနေသော အလယ်တန်းကစားသမား ရိုဒရီမှ ဖန်တီးမှုကောင်းမွန်မှုကိုတွေ့ရှိခဲ့ရပြီး ပွဲစဉ်သရေရလဒ်ဖြင့် ပြီးဆုံးခဲ့ပေမဲ့ ရိုဒရီ အနေနဲ့ အကောင်းဆုံး စွမ်းဆောင်မှုမှတ်တမ်းကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်...

နေရှင်းလိဂ်အုပ်စုပွဲစဉ် ဒုတိယပွဲစဉ်ဖြစ်တဲ့ ပေါ်တူဂီနှင့်ဆွစ်ဇာလန် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ လီဗာပူးလ်တောင်ပံကစားသမားလေး ဂျိုတာနှင့် မန်ယူရဲ့ တစ်ကြော့ပြန် ထိပ်တန်းတိုက်စစ်မှုး ရော်နယ်ဒိုတို့က ကောင်းမွန်တဲ့ ခြေစွမ်းတွေကို ထုတ်ဖော်ပြသသွားပြီး အကောင်းမွန်ဆုံးမှတ်တမ်းများကို အဆိုပါပွဲမှာ မှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်....

နောက်ပွဲစဉ်များဖြစ်တဲ့ ဆာဗီးယားနှင့် ဆလိုဗေးနီယားပွဲစဉ်မှာလဲ လာဇီယို တိုက်စစ်မှုး ဆာဗစ်နှင့်တောင်ပံတိုက်စစ်မှဇစ်ကိုဗစ်တို့က ကောင်းမွန်စွာတောက်ပပြသွားခဲ့ပြီး အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲနဲ့အောင်ပွဲခံခဲ့ကြပါတယ်... ဆွီဒင်နှင့်နော်ဝေး ပွဲစဉ်မှာလဲ မန်စီးတီးက ပူပူနွေးနွေးခေါ်ယူထားတဲ့ တိုက်စစ်မှူး ဟာလန်းရဲ့ ကောင်းမွန်လှပတဲ့ ခြေစွမ်းတွေကြောင့် ထိုပွဲမှာလဲ ပုံစံကောင်းနဲ့အတူ ကောင်းမွန်သော မှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်.....

နိုင်ငံတကာခြေစမ်းပွဲများမှာလဲ အာဂျင်တီးနား ပွဲစဉ်ကတော့ အကောင်းမွန်ဆုံးပွဲတစ်ပွဲဖြစ်လာခဲ့ပါတယ်....အိမ်ကွင်းမှာလက်ခံကျင်းပခဲ့ရတဲ့ အာဂျင်တီးနားအနေနဲ့ အကောင်းဆုံးကစားသမားများကိုပွဲထုတ်လာခဲ့ပြီး မက်ဆီရဲ့ စူပါဟက်ထရစ်သွင်းဂိုးများနဲ့ မြိုင်ဆိုင်စွာပြီးဆုံးသွားခဲ့ပါတယ်.....ထိုပွဲစဉ်များအပြီးမှာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ကို အားပေးနေကြသော ပရိသတ်များရဲ့ အားပြိုင်မှုတွေကို ပိုပြီးကြီးထွားလာခဲ့ပါတယ်...ကျနော်တို့ အားကစားသတင်းတွေကိုစောင့်မျှော်နေတဲ့ ပရိသတ်ကြီးအနေနဲ့ရော အဆိုပါနှစ်ယောက်ထဲက ဘယ်သူက ပိုသာလဲဆိုတာကွန့်မန့်လေးမှာဖြေပေးသွားပါဦးနော်............