ဒီကနေ့ မနက်ခင်းလေးမှာ ကျင်းပသွားခဲ့တဲ့ (Group A)အုပ်စုမှ ပြင်သစ်အသင်းနှင့် ခရိုအေးရှား အသင်းတို့ယှဉ်ပြိုင်ခဲ့ကြရာ ပြင်သစ်မြေမှာ ပြင်သစ်သားတွေ အမှတ်မထင် ရှုံးနိမ့်ခဲ့ကြပါတယ်...ပြင်သစ်အသင်းအနေနဲ့ လက်ရှိနေးရှင်းလိဂ်မှာ နိုင်ပွဲ မရှိသေးပဲ သရေနှစ်ပွဲရလဒ်နဲ့ လက်ရှိ အုပ်စုအဆင့်မှာ နောက်ဆုံးအဆင့်မှာရပ်တည်နေခဲ့ရပါတယ်...ဒိန်းမတ်အသင်းအနေနဲ့ ဩစတီးရီးယားကိုအနိုင်ယူပြီး အုပ်စုဗိုလ်အဖြစ်ဦးဆောင်ထားပြီး ခရိုအေးရှားအသင်းအနေနဲ့ အုပ်စု ဒုတိယနေရာမှာ ရှိနေပြီး အုပ်စုရဲ့ တတိယနေရာမှာတော့ဩစတီးရီးယားက ရပ်တည်နေခဲ့ပါတယ်...
ပြင်သစ်အနေနဲ့ လက်ကျန်နှစ်ပွဲထဲက တစ်ပွဲရှုံးတာနဲ့ တန်းဆင်းပြီမို့ နောက်နှစ်ပွဲမှာ အကောင်းဆုံးပုံစံနဲ့ ယှဉ်ပြိုင်ကစားရတော့မှာပါ....ယနေ့ပွဲမှာလည်း အကာင်းဆုံးကစားသမားတွေနဲ့ ရင်ဆိုင်ကစားသွားခဲ့ပေမဲ့ ပွဲစပြီး ၅ မိနစ်အကျော်မှာ ခရိုအေးရှား ဖက်မှ သွင်းယူလိုက်တဲ့ ပင်နယ်တီ သွင်းဂိုး ကိုခွင့်ပြုပေးလိုက်ရပြီး နောက်ပိုင်းမိနစ်တွေမှာ ပြင်သစ်အသင်းအနေနဲ့ တန်ပြန်တိုက်စစ်တွေ ဆင်နေခဲ့ပေမယ့် ဂိုးမရရှိခဲ့တာပဲဖြစ်ပါတယ်...ပြင်သစ်အသင်းဟာ ယခုလက်ရှိ နေးရှင်းလိဂ်မှာ အဝေးကွင်း သုံးပွဲလုံးမှာ အခြေအနေယိမ်းယိုင်နေခဲ့ပြီး လက်ရှိ အိမ်ကွင်းပွဲစဉ် ပထမပွဲမှာလည်း အနိုင်ပွဲနဲ့ မထင်မှတ်ပဲ လွဲချော်သွားခဲ့တာပဲဖြစ်ပါတယ်....
လက်ရှိအုပ်စုအဆင့်ထိပ်ဆုံးမှာတော့ ဒိန်းမတ်အသင်းက ဦးဆောင်နေပြီး အုပ်စုဗိုလ်အဖြစ်ဆက်လက်ဦးဆောင်သွားလားဆိုတာကိုတော့ နောက်ပွဲတွေမှာ ဆက်လက်ကြည့်ရှုရင်း ကျန်တဲ့အုပ်စုတွေထဲကရော ပရိသတ်ကြီးအနေနဲ့ ဘယ်အသင်းကို အုပ်စုဗိုလ် ဖြစ်စေချင်လဲ ဆိုတာလေးကို မန့်ပေးခဲ့ပါဦးနော်.....