ပုဂ္ဂိုလ်အရေးအရ သဘောတူညီချက်ရရှိနေပြီဖြစ်တဲ့ လူကာကူ ရဲ့ အပြောင်းအရွှေ့.....
ချယ်လ်ဆီးအသင်းအနေနဲ့ ပိုင်ရှင်ဖြစ်တဲ့ နေရာကိုပြောင်းလဲပြီးသွားတဲ့ မကြာခင်မှာပဲ နွေရာသီ ဈေးကွက်မပိတ်ခင်မှာ လူကာကူကို အသင်းပြောင်းကစားစေဖို့ စီးရီးအေအသင်းမှ အင်တာမီလန်နှင့် ပုဂ္ဂိုလ်အရေးအရ သဘောတူညီထားပြီ လို့သိရပါတယ်....
ယမန်နှစ်ကမှ ချယ်လ်ဆီးအသင်းကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာတဲ့ လူကာကူဟာ နည်းပြတူချယ်ရဲ့ နည်းစနစ်တွင် ထင်သလောက်ခြေစွမ်းမပြနိုင်တာကြောင့် အရံစာရင်းမှသာ ပွဲတော်တော်များများ ထိုင်နေခဲ့ရပြီး ဇီးရက်စ် မေဆင်မောင့် တို့ လောက်နေရာမရပဲ ရှိနေခဲ့တာဖြစ်ပါတယ်….လူကာကူအနေနဲ့ မနှစ်က ပွဲစဉ်များမှာ ၂၆ ပွဲသာကစားထားရပြီး သွင်းဂိုး ၈ ဂိုးထိသာ သွင်းယူထားနိုင်တာကြောင့် နည်းပြတူချယ်အနေဲ့ ကစားကွက်မှာအတိုးအလှုပ် အတက်အဆင်းမြန်တဲ့ မေဆင်မောင့် ကိုပဲ နေရာ ပေးထားခဲ့တာဖြစ်ပါတယ်… ယခုလက်ရှိမှာတော့ လူကာကူ ထွက်ခွာဖို့က နီးစပ်နေပြီး ပြိုင်ဖက်အသင်းဖြစ်တဲ့ မန်စီးတီး ကစားသမား စတာလင်ကိုလည်း ပေါင်း သန်း ၄၀ နဲ့ ကမ်းလှမ်းထားတယ်လို့ sky sports သတင်းဌာနမှ ထုတ်ပြန်ထားပါတယ်
လက်ရှိမှာတော့ နွေဈေးကွက်က ပိတ်သိမ်းဖို့ နီးစပ်လာတာနှင့်အမျှ အပြိုင်အဆိုင်ခေါ်ယူနေကြတဲ့ ကစားသမားတွေလဲများသလို ဘုတ်အဖွဲ့နှင့် နည်းပြတော်တော်များများလဲ အလုပ်တွေ ရှုပ်နေရပြီလည်းဖြစ်ပါတယ်…လူကာကူရဲ့အပြောင်းအရွှေ့ဆက်လက်ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ အားကစားချစ်ပရိသတ်တို့ရဲ့ ခန့်မှန်းချက်လေးတွေကို ဖော်ပြပေးခဲ့ပါဦးနော်……