YTV ချန်နယ်ရဲ့ အားကစားချစ်ပရိသတ်တို့ရေ…ပရီးမီးယားလိဂ်လူဝယ်ရာသီဟာ အသင်းကြီးများအတွက် တစ်ဖြည်း ဖြည်းနဲ့ ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေပြီပဲဖြစ်ပါတယ်…အသင်းကြီးတစ်သင်းအဖြစ်ပါဝင်ဆဲဖြစ်တဲ့ အာဆင်နယ်အသင်းကတော့ ပေါ်တိုကွင်းလယ်လူ ဖေဘီယို ဗီအယ်ရာကို ခေါ်ယူထားပြီဖြစ်ပြီး ယခုအခါမှာလည်း ဂျေးဇုကို ကမ်းလှမ်းထားရာ ပိုဂ္ဂိုလ်အရေး အရသဘောတူညီမှု ရရှိသွားပြီလို့ သိရပါတယ်…
အာဆင်နယ်အနေနဲ့ လူဝယ်အားကိုမချသေးပဲ ရာဖင်ဟာကိုလည်း ထပ်မံခေါ်ယူဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်….လက်တလော မှာတော့ လီဗာပူးလ် မန်စီးတီးတို့နှင့် အပြိုင် ကစားသမားခေါ်ယူမှုတွေကိုလုပ်ဆောင်နေပြီး မာတီနယ်လီနှင့်အတူ တိုက်စစ်မှာ ဂျေးဇုပါဝင်လာမယ့် ဘရာဇီးလ် တိုက်စစ်အတွဲကို ပုံဖော်သွားမလားဆိုတာကိုတော့ နောက်သတင်းများမှာ ဆက်လက်ပြီးတော့ဖော် ပြပေးသွားပါမယ်နော်….
အာဆင်နယ်အသင်းဟာ ဆိုရင် နောက်ရာသီအတွက် အကောင်းဆုံးသော ကစားသမားတွေနဲ့ ပွဲထွက်လာဖို့ ပြင်ဆင်နေပြီပဲဖြစ်ပါတယ်…..ကဲပရိသတ်ကြီးတို့ရေ အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ စိတ်ကူးပုံဖော်ထားတဲ့ ဘရာဇီးတိုက်စစ်ဟာ လာမယ့်ပရီးမီး ယားလိဂ်ရာသီမှာ ဘယ်လိုတွေစွမ်းဆောင်ပြမလဲဆိုတာကို မျှော်လင့်စောင့်စားရင်း နောက်သတင်းအသစ်လေးတွေနဲ့ ပြန်ဆုံကြမယ်နော်……