မန်ချက်စတာယူနိုက်တက်အသင်းသည် ယခုချိန်ထိ ကစားသမားခေါ်ယူခြင်းတွင် တွင်တွင်ကျယ်ကျယ် ထိရောက်မှုမရှိသေးသည့် အသင်းအဖြစ် ပရိသတ်တော်တော်များများက ဝေဖန်နေကြပါတယ်…ယခုအခါမှာလည်း ပေါ်တိုအသင်းမှ တိုက်စစ်မှုး အီဗာနေးဆင် ကိုခေါ်ယူဖို့ ချိန်ရွယ်နေတယ်လို့ သိရပါတယ်….ပေါ်တိုအသင်း ကွင်းလယ်ကစားသမားဖြစ်တဲ့ ဗီအယ်ရာကိုလည်း ပြိုင်ဘက် အသင်းကိုဆုံးရှုံးလိုက်ရပြီးဖြစ်သလို အီဗာနေးဆင်ကိုလဲခေါ်ယူဖို့ချိန်ရွယ်နေခဲ့တာပဲ ဖြစ်ပါတယ်…..
ထို့အပြင် ရိုးမားတိုက်စစ် ကစားသမား အေဗရာဟင်ကိုလည်းခေါ်ယူဖို့ ကမ်းလှမ်းထားတာဖြစ်ပြီး ပေါ်တိုအသင်းမှ တိုက်စစ်မှုး အီဗာနေးဆင်ကို ခေါ်ယူမည်ဆိုပါက ယူရိုသန်း ၈၀ အထိ ပြောင်းရွှေ့ကြေးကိုဈေးတင်ထားပြီး ဖြစ်ပါတယ်….ပေါ်တိုအသင်းဟာ အဆိုပါကစားသမားလေးကို ၂၀၂၀ ခုနှစ်ကမှ ဘရာဇီးလ်အသင်းမှ ၈.၈ သန်းနှင့် ဝယ်ယူထားတာဖြစ်ပြီး ပွဲပေါင်း ၂၄ ပွဲကစားထား ရာ ၂၁ ဂိုးထိသွင်းပေးထားနိုင်တဲ့ တိုက်စစ်မှုးကောင်းတစ်ဦးပဲ ဖြစ်ပါတယ်…
မန်ယူရဲ့ ယခုခေါ်ယူဖို့ ရေပန်းစားနေတဲ့ကစားသမားများမှာ အေဗရာဟင်၊အန်တိုနီ၊ဒီဂျောင်၊ရူဗင်နားဗက်၊ရာဖင်ဟာ၊ဒိုင်ဗာလား နှင့် အခြား သောကစားသမားတော်တော်များကိုလဲခေါ်ယူဖို့ ကြံရွယ်နေသေးတာပဲဖြစ်ပါတယ်….အသင်းကြီးတွေထဲမှာ ကစားသမား မခေါ် သေးတာဆိုလို့ မန်ယူအသင်းအပြင် ချယ်ဆီးလ်အသင်း လည်းကျန်ရှိနေသေးတာပဲဖြစ်ပါတယ်….အားကစားသမား ပရိသတ် ကြီးတို့အနေနဲ့ရော အပြောင်းအရွှေ့တွေကြားမှာ အနယ်ထိုင်နေတဲ့ အဆိုပါအသင်းနှစ်သင်းကို ဘာတွေပြောချင်လဲဆိုတာလေးကို မန့်ပေးခဲ့ပါဦးနော်…..