ပရီးမီးယားလိဂ်ရဲ့ ကစားသမားအပြောင်းအရွှေ့တွေကို မဆိုင်းမတွ ဆုံးဖြတ်ချက် ပြတ်သားစွာ လုပ်ဆောင်နေတဲ့ မန်ချက်စတာ စီးတီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ရက်ကမှ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ဘက်မှ ကာလရှည်စောင့်ကြည့်နေတဲ့ တိုက်စစ် ကစားသမားလေး ဟာလန်းကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူအပြီးမှာ ယခုအခါအနေနဲ့ မန်ယူတို့ ခေါ်ယူဖို့ချိန်ရွယ်နေသော လိဒ်ကွင်းလယ်ကစာသမား ကယ်ဗင်ဖီးလစ် ကိုခေါ်ယူရန်ပြင်ဆင်နေပြီပဲဖြစ်ပါတယ်…
ကယ်ဗင်ဖီးလစ်အနေနဲ့ ကလည်း သတင်းစာရှင်းလင်းပွဲတစ်ခုမှာ မန်ချက်စတာစီးတီးအသင်းကိုပြောင်းချင်ကြောင်း အရိပ်အမြွက် ပြောဆိုထားပြီး အပြောင်းအရွှေ့ဖြစ်လာမလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်…ယခုလက်ရှိ အင်္ဂလန်အသင်းမှာ ကွင်းလယ်နေရာကို ဦးဆောင်နေသော ဖီးလစ်သည် လိဒ်အသင်းမှာလည်း ကောင်းမွန်တဲ့ စွမ်းရည်တွေကို ပိုင်ဆိုင် ထားတဲ့ကစားသမား တစ်ဦးပဲဖြစ်ပါတယ်…..မန်စီးတီးအနေနဲ့ ကွင်းလယ်ခံစစ်နေရာမှာ ဘာနန်ဒို ဆေးလ်ဗားက ထွက်ခွာရန်ပြင်ဆင်နေပြီး ရိုဒရီနဲ့အတူ ပြိုင်ဖက် အသင်းများကို ဖိအားပေးဖို့ အဆိုပါကစားသမားကို ခေါ်ယူဖို့ ပြင်ဆင်နေရခြင်းပဲဖြစ်ပါတယ် …ဝက်စ်ဟမ်းက ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ကြိုးစားခဲ့ပေမယ့်လည်း ပြောင်းရွှေ့ကြေး မြင့်မားလွန်းတာကြောင့် လက်လျှော့ခဲ့တာပဲ ဖြစ်ပါတယ်…
ကယ်ဗင်ဖီးလစ်ရဲ့ အပြောင်းအရွှေ့ဖြစ်လာမလား ဖြစ်မလာဘူးလားဆိုတာကိုတော့ နောက်သတင်းများမှာ ဆက်လက်တင်ပြပေး သွားမှာဖြစ်ပြီး မန်ချက်စတာစီးတီး ပရိသတ်များအနေနဲ့ရော ထိုကစားသမားလေးကို မန်ချက်စတာစီးတီးမှာ မြင်စေချင်လား ဆိုတာလေးတွေကို ဖြေပေးခဲ့ပါဦးနော်……