အားကစားအစီအစဉ်များကို နေ့စဉ်မပြတ် စောင့်ကြည့်နေကြတဲ့ ဘောလုံးဝါသနာရှင် ပရိသတ်များ အားလုံးကို ကြိုဆိုလိုက်ပါတယ်....ဒီကနေ့ မနက်ခင်းအစောပိုင်းမှာ ကစားသွားခဲ့တဲ့ ကမ္ဘာ့ဖလား အင်တာကွန်တီနယ် play-off ဖိုင်နယ်ပွဲစဉ်ကို ဆောဒီအာရေဗျ နိုင်ငံ ကွာတာမြို့ရှိ အာမတ်အလီ ကွင်းမှာ ဩစတေးလျနှင့် ပီရူးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်.....ဩစတေးလျအသင်းဖက်မှ ၄-၁-၄-၁ ကစားကွက်ဖြင့် ပွဲထွက်လာခဲ့ပြီး အဓိက ကစားသမားတော်တော်များများ နဲ့ပွဲထွက်လာခဲ့ပါတယ်...
ပီရူးအသင်းတို့ဖက် မှလဲ ၄-၁-၄-၁ ကစားကွက်ဖြင့် တုန့်ပြန်ကစားခဲ့ကြပါတယ်...ပွဲစတာနဲ့ နှစ်သင်းလုံးအကြိတ်အနယ် တိုက်စစ်ဆင်ကစားခဲ့ပေမယ့် ပွဲပြီးဆုံးချိန်ထိ ဂိုးကံခေမှုများနှင့်သာ ကြုံတွေ့ပြီး နာကျင်အချိန်ပိုအထိ ဂိုးမရှိသရေနဲ့သာ ဖြစ်ခဲ့ပါတယ်...
နောက်ဆုံးဖိုင်နယ် ကမ္ဘာ့ဖလားဝင်ခွင့်မို့ ပင်နယ်တီ ကန်ခဲ့ကြရာ ဩစတေးလျ ဖက်မှဝါရင့် ဂိုးသမား ရက်မေးနီ ကို ဖမ်းစေခဲ့ပြီး နောက်ဆုံး ပင်နယ်တီ ကို ကာကွယ်နိုင်လိုက်တာကြောင့် ဩစတေးလျတို့အနေနဲ့ ကမ္ဘာ့ဖလားဝင်ခွင့်ကိုထိုက်ထိုက်တန်တန် ရရှိသွားတာပဲဖြစ်ပါတယ်....ဩစတေးလျအနေနဲ့ အဆိုပါဝင်ခွင့် အတွက် ဗီယက်နမ်၊အိုမန်၊ဂျပန်၊ဆောဒီအာရေဗျ နှင့် ဂျော်ဒန် ယူအေအီး တို့ကို အကောင်းဆုံးဖြတ်ကျော်ပြီး ပီရူးကို အကောင်းမွန်ဆုံးရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်..
ယနေ့ညမှာလည်း နောက်ဆုံးဝင်ခွင့် တစ်သင်းစာ အတွက် ကော်စတာရီကာနဲ့ နယူးဇီလန် တို့ ယှဉ်ပြိုင်ကစားကြမှာပဲဖြစ်ပါတယ်....ကဲ ပရိသတ်ကြီးတို့ရေ ယနေ့ညမှာ ဘယ်အသင်းက နောက်ဆုံး ကမ္ဘာ့ဖလား ဝင်ခွင့်ရသွားမလဲ ဆိုတာရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်.......