ကဲ YTV အားကစား ပရိသတ်ကြီးရေ တစ်ရှိန်ထိုး အပြောင်းအရွှေ့တွေများ တဲ့ ပရီးမီးယားလိဂ် နွေရာသီ စေ◌ျးကွက် က တော်တော်လေး ရင်ခုန်ဖွယ်ဖြစ်နေဆဲပဲဖြစ်ပါတယ်....
အခုတစ်ခါမှာတော့ ရီးရဲလ်ရဲ့ အကွက်မြင်လှတဲ့ နည်းပြကြီး အန်ချလော့တီကတော့ လူငယ်ခြေတက်လေးဖြစ်တဲ့ မိုနာကိုကွင်းလယ်အဖျက် ချူအာမန်နီ ဆိုတဲ့ကောင်လေးကို ယူရို သန်း ရှစ်ဆယ် ကျော်ပေးပြီး ခေါ်ယူလိုက်ပြီပဲ ဖြစ်ပါတယ်။အဆိုပါလူငယ်လေးဟာ မိုနာကို အသင်းမှာ ၃၅ ပွဲကစားထားပြီး ၃ ဂိုးသွင်းယူထားကာ ဖန်တီးမှု နှစ်ကြိမ် ရရှိထားတဲ့ ကစားသမားလေးဖြစ်ပါတယ်...
အဆိုပါကစားသမားလေးက မိုနာကို အသင်းရဲ့ ကွင်းလယ်အဖျက်မှာ အကောင်းဆုံးစွမ်းဆောင်ထားနိုင်တဲ့ သူတစ်ယောက် အဖြစ် ရပ်တည်နေပြီး ယခုနှစ်မှာမိုနာကိုအသင်းကို ပြည်တွင်းလိဂ်ရဲ့ တတိယအဆင့်မှာရပ်တည်နိုင်အောင် အဓိကနေရာကနေ ကူညီထောက်ပံ့ပေးခဲ့တဲ့ကစားသမားလေးပဲဖြစ်ပါတယ်...
ပရီးမီးယားလိဂ်ကလပ်အသင်းတော်တော်များများမှလဲ ခေါ်ယူရန်ကမ်းလှမ်းမှုများကို ရရှိထားပြီး အဆိုပါကမ်းလှမ်းမှုများတွင် လီဗာပူးလ် နှင့် မန်ယူတို့လဲ အပါအဝင်ဖြစ်နေခဲ့ပါတယ်....
မန်ယူနှင့်လီဗာပူးလ်တို့က ကစားသမားကြား သဘောတူဆွေးနွေးမှုများ ပြီးစီးဖို့ လက်တစ်ကမ်းအလိုမှာ ရီးရဲလ်ကအပြီးသတ်ခေါ်ယူသွားခဲ့တာပဲဖြစ်ပါတယ်...
နောက်ပိုင်းကစားသမား ခေါ်ယူမှုတွေမှာရော ဘယ်အသင်းတွေက လက်ဦးမှုတွေရယူသွားအုံးမလဲဆိုတာကို ပရိသတ်ကြီးနဲ့ အတူတူ စောင့်ကြည့်ကြရအောင်နော်......