စပါးကခေါ်ယူချင်နေတဲ့ အင်တာက မာတီနက်စ်…

အင်တာမီလန်ကနေ ပြောင်းရွှေ့မလားဆိုပြီး သတင်းတွေထွက်နေတဲ့ မာတီနက်စ်ကိုတော့ စပါးဘက်ကနေ ပေါင်းသန်း ၉၀ နဲ့ ကမ်းလှမ်းထား တယ်လို့သိရပါတယ်….အဆိုပါကစားသမားဟာ ယမန်နှစ်က မီလန်ပွဲစဉ်တော်တော်များများမှာ ခြေစွမ်းပြ ကစားထားတဲ့ ကစားသမားလေးတစ်ဦးပါ……

မန်ယူကနေ ရောင်းချထားတဲ့ အလက်ဆစ်ဆန်းချက်နှင့်အတူ တောက်ပနေတဲ့ မာတီနက်စ်ဟာ ၂၄ နှစ်အရွယ်သာရှိသေးပြီး ၂၀၁၈ ခုနှစ်မှာ အာဂျင်တီးနား ကလပ် Racing club ကနေ ရောက်ရှိလာခဲ့ပြီး နည်းပြကြီး အင်ဇာဂီ လက်ထက်မှာ ရှေ့တန်းတာဝန်ကို လိုလေးသေးမရှိထမ်းဆောင်ပေးထားတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်….ယခုလက်ရှိ အင်တာမှာကစားနေတဲ့ ဝါရင့်ကစား သမားများနှင့်အပြိုင် ပွဲစဉ်များကို ဆင်နွှဲနေရပြီး ပွဲပေါင်း ၁၅၀ ကျော်ကစားထားရာ ဂိုးပေါင်း ၇၀ ကျော်ထိ သွင်းယူထားတဲ့ တိုက် စစ်ကစားသမားကောင်းလေးပဲဖြစ်ပါတယ်…

အင်တာဗျုးတစ်ခုမှာ ကစားသမားရဲ့ပြောကြားချက်အရတော့ အင်တာမှာပဲဆက်လက်ရှိချင်နေပြီး စပါးဘက်က ကမ်းလှမ်းချက် ကို လက်ခံမလားဆိုတာကတော့ နောက်လာမယ့်သတင်းများမှာ ဆက်လက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်…အင်တာဘက်က ဘယ်လိုဆုံးဖြတ်ချက်မျိုးချသွားမလဲဆိုတာစောင့်ကြည့်ရင်းနောက်ရက်တွေမှာ ဘယ်လိုကစားသမားအပြောင်းအရွှေ့သတင်းတွေ ကို တင်ဆက်ပေးသွားမယ်ဆိုတာလေးကို ytv ရဲ့ Website လေးထဲကို အမြဲလာရောက်ကြည့်ရှုပေးပါဦးနော်….