စပါးရဲ့ အပြောင်းအရွှေ့ ကြားမှာ ရောက်ရှိလာခဲ့တဲ့ စပါးနည်းပြတပည့်ဟောင်းကြီး ပါရီဆစ်…..

 

စပါးနည်းပြကြီးကွန်တီကတော့ လက်ရှိမှာ တိုက်စစ်ပိုင်းလိုက်ပါမှု အတွက်တောင်ပံ တစ်စုံကိုဆက်လက်ပီး တပ်ဆင်လိုက်ပြီပဲဖြစ်ပါတယ်...ဘယ်တောင်ပံမှာ တောက်ပလာမယ့် ဘက်ဂျဝန် အတွက်ကွန်တီဟာ သူ့တပည့်ဟောင်းကြီးဖြစ်တဲ့ အိုင်ဗန် ပါရီဆစ်ကို ခေါ်ယူလိုက်ပြီပဲဖြစ်ပါတယ်...လက်ရှိမှာ ဟယ်ရီကိန်းကလဲ အနာဂတ်မှာထိန်းသိမ်းဖို့ခက်ခဲနေတဲ့ အခြေအနေမှာဖြစ်နေပြီး စတာလင်ကို ကမ်းလှမ်းမှုတွေရှိနေတယ်လို့သိရပါတယ်...အိုင်ဗန်ပါရီဆစ်ဟာ ကွန်တီရဲ့လက်အောက်မှာ တစ်ခေတ်တစ်ခါက ဘယ်တောင်ပံတစ်လျှောက် တိုက်စစ်ကို ဒုက္ခပေးခဲ့တဲ့ ကစားသမား တစ်ဦးဖြစ်ခဲ့ပြီး လူငယ်ခြေတက်လေး ဘက်ဂျဝန် အတွက်တော့ ကစားဟန်အတွေ့အကြုံတွေကို ကောင်းကောင်းကြီးသင်ယူရတော့မှာပါ...

အင်တာမီလန်ကနေ ထွက်ခွာလာတဲ့ ပါရီဆစ်ဟာ အင်တာမီလန်အသင်းမှာ ၃၅ ပွဲ ကစားထားပီး ၈ ဂိုးသွင်းယူထားကာ ခုနှစ်ကြိမ်ဖန်တီးမှုဖြင့် အသက်အရွယ်အရ ကြီးမြင့်နေပေမဲ့လဲ စံချိန်ကောင်းတစ်ခုကို ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်....

လက်ရှိမှာ ပါရီဆစ်ဟာ ခြေသလုံးကြွက်သားဒဏ်ရာနဲ့ ရင်ဆိုင်နေရပေမဲ့ ဇွန်လ လောက်မှာ ပြန်လည်သက်သာလာမယ်လို့ အကြမ်းဖျင်း သိရှိထားရပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရရှိထားတဲ့ စပါးအတွက်တော့ တောင်ပံတစ်ပေါက်မှာ စိတ်ချရတဲ့ ကစားသမားကောင်းတစ်ယောက်ပိုင်ဆိုင်ရတယ်လို့ပဲဆိုရမှာပါ.....

ကွန်တီအနေနဲ့ ယခုနှစ်ချန်ပီယံလိဂ် အတွက် အကောင်းဆုံးပြင်ဆင်လာမှာြဖစ်ပြီးမနှစ်က ယူရိုပါကွင့်ဖရင့်လိဂ် မှာဆုံးရှုံးမှုတွေကို ပြန်လည်ဦးမော့ပြီး အစဥ်အလာကြီးမားတဲ့ ပရီးမီးယားလိဂ်ဖလားကိုပါ သိမ်းပိုက်ဖို့ ဖြစ်လာမလားဆိုတာ လူဝယ်ရာသီရဲ့ အင်အားဖြည့်တင်းမှုလေးတွေကို စောင့်မျှော်ရင်း ပရီးမီးယားလိဂ်အတွက် ကြိုတင်ရင်ခုန်လိုက်ကြရအောင်ဗျာ.....