YTV ရဲ့အားကစားအစီအစဉ်တွေကို စောင့်မျှော်နေတဲ့ ပရိသတ်ကြီးများအားလုံးကို ပြန်လည်ကြိုဆိုလိုက်ပါတယ်...မန်ယူကိုချစ်တဲ့ပရိသတ်ကြီးတို့အတွက်သတင်းကောင်းလေးကို ယူဆောင်လာခဲ့ပါပြီ...ဘာစီလိုနာဟာ ဒီဂျောင်နဲ့ လက်ရှိစာချုပ်ကို ဖျက်သိမ်းပြီး မန်ယူရဲ့ကမ်းလှမ်းမှုကိုလက်ခံလိုက်ပြီလို့ စပိန်အခြေစိုက် သတင်းထောက်တစ်ဦးရဲ့ပြောကြားချက်အရသိရှိရပါတယ်...မန်ယူရဲ့ကာလရှည်ပစ်မှတ်ဖြစ်တဲ့ ဒီဂျောင်ကိုခေါ်ယူဖို့ မီးစိမ်းပြလိုက်ပြီလို့ သိရှိရပါ တယ်...ဘာစီလိုနာအသင်းဟာ ဒီဂျောင်ကိုထိန်းသိမ်းဖို့ ဘက်ဂျက်ပြဿနာအရနှင့် နည်းပြဇာဗီနဲ့ နားလည်မှုအနည်းငယ်လွဲချော်မှုတွေကြောင့် ယူရိုသန်း ၆၀ နဲ့ ၈၀ ကြား ပြောင်းရွှေ့ကြေးနဲ့ ရောင်းချတော့မှာပဲဖြစ်ပါတယ်...
မန်ယူဘက်မှလဲ နည်းပြကြီးတန်ဟက် အနေနဲ့ ပေါ့ဘာနှင့် မာတစ်တို့ ထွက်ခွာသွားပြီဖြစ်လို့ ကွင်းလယ်ခံစစ်နေရာကို သူ့တပည့်ဟောင်းကို ပဲဆက်ခံစေချင်တာကြောင့် ဒီဂျောင်ကို ဈေးအမျိုးမျိုးပေးကာ ခေါ်ယူချင်နေတာပဲဖြစ်ပါတယ်...
ယခုနောက်ဆုံးသတင်းအရဆိုရင်တော့ ဖရန်ကီဒီဂျောင်ဟာ မန်ယူကိုရောက်ရှိဖို့ ရာခိုင်နှုန်းသေချာနေပြီပဲဖြစ်ပါတယ်....နည်းပြကြီတန်ဟက်ကတော့ မန်ယူရဲ့ ကစားပုံနည်းစနစ်ကို ပြန်လည်ဖော်ဆောင်ဖို့ အကောင်အထည်ဖော်ဆောင်နေပြီဖြစ်ပြီး တင်ဘားကလဲရောက်ရှိဖို့သေချာသလောက်ရှိနေပြီဖြစ်ပြီး နယ်သာလန်ကစားသမားအများစုနဲ့ မန်ယူတစ်ခေတ်ကို ပြန်လန်ဆန်းသစ်ဖို့နဲ့ ဆုဖလားတွေကိုပြန်လည်စိန်ခေါ်နိုင်ဖို့ အတွက် အဲဗာတန်ကနေ ပြန်လည်ခေါ်ယူမယ့် ဗန်ဒီဘိခ် အပါအဝင်ကွင်းလယ်အတွဲအဖက် တစ်စုံကိုတော့ စတင်ပိုင်ဆိုင်တော့မှာပဲ ဖြစ်ပါတယ်...တိုက်စစ်မှုး တွေကိုသေချာစိစစ်နေပြီး ဒါဝင်နူးနက်စ်ကိုတော့လက်လွှတ်လိုက်ရဖို့ ရှိနေပြန်တာလဲဖြစ်ပါတယ်....
ကဲမန်ချက်စတာယူနိုက်တက် ပရိသတ်ကြီးတို့ရေ နည်းပြကြီးတန်ဟက်အနေနဲ့ တစ်ခေတ်ထမယ့် မန်ယူရဲ့ဗျူဟာအသစ်ကိုမြင်တွေ့ဖို့ စောင့်မျှော်ကြည့်ရှုရင်း ဘယ်ကစားတွေရောက်ရှိလာမလဲဆိုတာ နောက်သတင်းလေးတွေမှာ ထပ်မံကြည့်ရှုပေးပါဦးနော်.....