ဂျာမန်ဘွန်ဒက်လီဂါကလပ်ရဲ့ နာမည်ကြီးအသင်းတစ်သင်းဖြစ်တဲ့ ဒေါ့မွန်အသင်းက တော့ သူတို့ရဲ့ ဂိုးသွင်းစက်လေး ဟာလန်း ထွက်ခွာသွားတာကြောင့် အေဂျက် အသင်းရဲ့ တိုက်စစ်မှုးလေး ဆီဘတ်စ်တီယန် ဟောလာ ကိုပစ်မှတ်ထားနေတယ်လို့သိရပါတယ်….ဒေါ့မွန်အသင်းအနေနဲ့ တိုက်စစ်အတွက်ကို ဆဲလ်ဘတ်အသင်းမှ လူငယ်ကစားသမားလေး အက်ဒီယီမီ နဲ့ အပြိုင် ခေါ်ယူချင်နေခဲ့တာဖြစ်ပါတယ်….
လက်ရှိမှာတော့ ဟောလာကို ခေါ်ယူဖို့ အေဂျက်ဘက်မှ ယူရို သန်း ၄၀ သတ်မှတ်ထားပြီး ယမန်နှစ်ကလည်း အကောင်းမွန်ဆုံးခြေ စွမ်းပြ ကစားထားတဲ့ အေဂျက်လူငယ်လေးတစ်ဦးပဲဖြစ်ပါတယ်…အဆိုပါကစားသမားလေးကို ချယ်ဆီးအသင်းမှလဲခေါ်ယူရန် စိတ်ဝင်စားနေပြီး လာမယ့် နေ့ရက်တွေမှာ ဘယ်အသင်းကိုပြောင်းရွှေ့ခွင့်ရသွားလဲဆိုတာဆက်လက်ပြီးတင်ပြပေးပါ့မယ်…ယခု အနေနဲ့ကတော့ ဒေါ့မွန်အတွက် ဆဲလ်ဘတ်လူငယ်ကစားသမားလေး အက်ဒီယီမီကိုခေါ်ယူပြီးစီးဖို့ သေချာသလောက်နီးနီးကို ဖြစ်နေပြီ လို့လည်း အားကစားသတင်းဌာနတစ်ခုမှ ဖော်ပြပေးထားပါတယ်….
ကဲ အားကစားချစ်ပရိသတ်ကြီးတို့ရေ…..နိုင်ငံတကာကလပ်အသင်းတွေရဲ့ လူဝယ်ရာသီ အားအင်ဖြည့်တင်းမှုတွေကို အတော်လေး အရှိန်မြင့်တက်နေပြီမို့ အကောင်းဆုံးအသင်း ဘယ်အသင်းဖြစ်လာမလဲ ဆိုတာ ပြောပေးခဲ့ပါဦးနော်…..