မန်ချက်စတာယူနိုက်တက်ဆီသို့ နည်းပြကြီး တန်ဟက် ရောက်ရှိလာပြီးနောက်ပိုင်း ကစားသမားအပြောင်းအရွှေ့များကတော်တော်လေး အသက်၀◌င်လာခဲ့ပါတယ်...တိုက်စစ်ကစားသမားတော်တော်များများကိုလဲ စိတ်ကြိုက်ရွေးချယ်နေသလို သူ့တပည့်ဟောင်းဖြစ်တဲ့ နောက်ခံလူတင်ဘာကိုလဲ ခေါ်ယူဖို့ကလဲ သိပ်မလိုတော့တာကို ယနေ့အားကစားသတင်းတော်တော်များများမှာဖော်ပြနေကြတာပဲဖြစ်ပါတယ်...
ပြောင်းရွှေ့လာမယ့်ကစားသမားများလဲရှိသလိုရောင်းချစာရင်းဝင်ကစားသမားတော်တော်များများလဲ မန်ချက်စတာယူနိုက်တက် အသင်းမှာ မကြာခင်ဖြစ်ပေါ်လာတော့မယ်လို့ပြောဆိုနေကြပါတယ်...
ရောင်းချစာရင်းဝင်ထဲမှာမှ မန်ယူ ညာနောက်ခံလူ ဝမ်ဘစ်ဆာကာ တစ်ဦးလဲပါဝင်နေခဲ့ပါတယ်....ထိုကစားသမားလေးဟာ ဆိုးရှားလက်ထက်မှာ ခရစ်စတယ်ပဲလေ့စ်ကနေ ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ ခေါ်ယူခဲ့တာဖြစ်ပြီးဆိုးရှားရဲ့ ပွဲစဥ်တော်တော်များများမှာ စိတ်အချရဆုံးနောက်ခံလူအဖြစ် အသုံးတော်ခံခဲ့ပါတယ်....
မန်ချက်စတာယူနိုက်တက်မှာ သုံးနှစ်တာကာလအတွင်း ပွဲတော်တော်များများမှာပါဝင်ခဲ့ပေမဲ့ရှေ့တန်း ပံပိုးမှု အားနည်းချက်ကြောင့် နည်းပြရန်းနစ်လက်ထက်မှာ အရံစာရင်းမှာသာပါဝင်ခဲ့ရပါတယ်...
ပွဲကစားခွင့်နည်းလာတဲ့ ဝမ်ဘစ်ဆာကာအနေနဲ့ အသင်းပြောင်းဖို့ ဆုံးဖြတ်ထားတာဖြစ်ပြီး အီတလီ စီးရီးအေကလပ်အသင်းဖြစ်တဲ့ ရိုးမားအသင်းမှ ဝမ်ဘစ်ဆာကာ အတွက် ပြောင်းရွှေ့ကြေး သန်း ၃၀ နဲ့ ကမ်းလှမ်းထားတယ်လို့ ဒယ်လို အားကစားသတင်းမှ သိရပါတယ်...
မန်ယူအနေနဲ့ ရိုးမားကမ်းလှမ်းချက်ကို လက်ခံမလား၊ငြင်းမလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ...
မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နောက်ရာသီမှာ အပြောင်းအလဲ တော်တော်များများ ပြုလုပ်ပြီး နည်းပြသစ်လက်ထက်မှာ ဘယ်လိုကစားကွက်အခင်းအကျင်း တွေနဲ့ ထွက်ပေါ်လာမလဲတဆိုတာလေးနဲ့ မန်ယူအချစ်တော်လေးတွေအနေနဲ့ရော ယခုနွေရာသီစေျးကွက်မှာ ဘယ်ကစားသမားလေးတွေ ရောက်စေချင်လဲဆိုတာလေးတွေကို ကွန့်မန်လေးမှာ မန့်ပေးခဲ့ပါအုံးနော်....