Singapore Festival 2020 ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်မြို့ရဲ့ ပထမဆုံးအကြိမ်နဲ့ အကြီးကျယ်အခမ်းနားဆုံး ဂါးဒန်းပါတီကြီးဖြစ်တဲ့ Singapore Festival 2020 ပွဲအခမ်းအနားကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်မှာရှိတဲ့ လင်ချင်းချောင်းနန်းတော် မှာ ကျင်းပခဲ့ပါတယ်…

ဒီပွဲအခမ်းအနားဟာ စင်ကာပူ မြန်မာ နှစ်နိုင်ငံ ပူးပေါင်းကျင်းပတဲ့ပွဲဖြစ်ပြီး နာမည်ကြီးစားဖိုမှူးဖန်တီးပေးမယ့် အစားအစာတွေ ၊ Music Band တွေ နဲ့ DJ ဖျော်ဖြေမှုတွေအပြင် ဖက်ရှင်နဲ့ အနုပညာတွေကိုပါ မြင်တွေ့ရမယ့် ထူးခြားတဲ့အစီအစဉ်ပေါင်းများစွာ ပါဝင်တဲ့ပွဲအခမ်းအနားပဲဖြစ်ပါတယ်….

ဒီပွဲအခမ်းအနားနဲ့ပတ်သက်ပြီး Mr. Soe Siew Keong (Singapore Tourism Board) က “Singapore Festival 2020 ကို အရင် 2018 ခုနှစ်ကကျင်းပတဲ့ပါတီထက်ပိုပြီး ဆန်းသစ်သွားအောင် ချင်းချောင်းနန်းတော်မှာ ကျင်းပဖြစ်တာပါ . ဒီပွဲကိုတက်ရောက်သူတွေ ပျော်ရွှင်စေဖို့ အစားအသောက်တွေ ၊ အနုပညာတွေ နဲ့ ဂီတဖျော်ဖြေမှုတွေပါ စီစဉ်ထားပါတယ်. Singapore Festival 2020 ပွဲကနေပြန်သွားရင် စင်ကာပူကနေ ပေးနိုင်မယ့် အတွေ့အကြုံတွေကို ခံစားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပဖြစ်တာလည်းဖြစ်ပါတယ် ”လို့ပြောကြားခဲ့ပါတယ်…

စင်ကာပူနိုင်ငံမှ စားဖိုမှူးဖြစ်သူ Mr. Malcolm Lee ကလည်း “ ဒီပွဲမှာပါဝင်ဖြစ်ခဲ့တာကတော့ စင်ကာပူမှ အခြားနာမည်ကြီး အနုပညာရှင်တွေရော ၊ အခြားစားဖိုမှူးတွေရော ပါဝင်ပြီး ကျွန်တော်လည်း ဖိတ်ခေါ်ခံရတယ်ဆိုတော့ ပါဝင်ဖြစ်ခဲ့တာပါ. အစားအသောက်မှာဆိုရင်တော့ အဓိကအနေနဲ့ တရုတ် နဲ့ မလေး ဓလေ့နှစ်ခုကိုရောစပ်ထားတဲ့ ဂဏန်းပျော့ဟင်းကို စီစဉ်ထားပါတယ်” လို့ပြောကြားခဲ့ပါတယ်….

%d bloggers like this: