MCIA ကကြီးမှူးပြီး Global Game Jam Myanmar 2020 ပွဲအခမ်းအနားကျင်းပ

Myanmar Computer Industry Association (MCIA) ကကြီးမှူးကျင်းပတဲ့ Global Game Jam Myanmar 2020 ပွဲအခမ်းအနား ကို ရန်ကုန်မြို့ MICT Park Conference Hall မှာ ပြုလုပ်ခဲ့ပါတယ်…

Global Game Jam ဆိုတာကတော့ ဂိမ်းတစ်ခုဖြစ်ဖို့လိုအပ်တဲ့ Game Developer တွေ၊ animator တွေ နဲ့ 3D Artist တွေ စတဲ့ ဂိမ်းဖန်တီးသူတွေနဲ့ ဝါသနာရှင်တွေ ပူးပေါင်းပြီး ဆန်းသစ်တဲ့ဂိမ်းတွေ ဖန်တီးပြသသွားမယ့် ပွဲဖြစ်ပါတယ်…

ကိုအေးမောင်မောင်ကြည် (Vice Chairman of GGJ Myanmar) က “ GGJ ကိုလုပ်ဖြစ်တာက မြန်မာနိုင်ငံရဲ့ Game Industry တိုးတက်လာဖို့ ဂိမ်းဝါသနာပါတဲ့သူတွေ စုပြီးရေးဖြစ်အောင် ပံ့ပိုးပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ပေးတာပါ. ဂိမ်းနဲ့ပတ်သက်ပြီးတော့ လုပ်ခဲ့တာတွေကတော့အများကြီးပါ ၂၀၁၃ တည်းက နိုင်ငံခြားပြိုင်ပွဲတွေကို မြန်မာနိုင်ငံကကုမ္ပဏီတွေလွှတ်ပေးတာ ၊ နိုင်ငံခြားပွဲတွေမှာပါဝင်ပြသတာတွေ လုပ်ခဲ့ပါတယ်. ဒီနှစ်မှာတော့ seminar တွေ workshop တွေလုပ်ထားပေးတယ်. ဂိမ်းနဲ့ပတ်သက်ပြီးတော့ ဂိမ်းလောကထဲက ဆရာတွေက လာပြီးသင်ကြားပေးမယ် Knowledge Sharing လုပ်ပေးမယ်. GGJ ကပြိုင်ပွဲမဟုတ်ပါဘူး. ဂိမ်းဝါသနာပါတဲ့သူတွေ အတူတူစုပြီး တစ်ကမ္ဘာလုံးမှာ တချိန်တည်း Game Title တစ်ခုကိုရေးကြတာဖြစ်ပါတယ် “ လို့ပြောကြားခဲ့ပါတယ်….

Doshine (Business Development Executive of YWAR) ကလည်း “GGJ ကို ဇန်နဝါရီလကုန်လောက်မှာ နှစ်တိုင်းလုပ်ဖြစ်တယ်. နောက်နှစ်တွေမှာ Organizer တွေလိုရင်လည်းလိုမယ်ဆိုတော့ အကူအညီလည်းတောင်းချင်တယ်. ဂိမ်းရေးတဲ့သူတွေကိုလည်း တစ်ယောက်တည်းဖြစ်နေရင်တောင်လာခဲ့ဖို့ ဖိတ်ခေါ်ချင်တယ်. ဒီမှာက တစ်ယောက်နဲ့တစ်ယောက်တိုင်ပင်အလုပ်လုပ်ရင်း ၂ရက်အတွင်း တိုးတက်မှုတစ်ခုခုရသွားမှာပါ” လို့ပြောကြားခဲ့ပါတယ်…

ဒီပွဲမှာ အဖွဲ့အသီးသီးက သူတို့တီထွင်ဆန်းသစ်ထားတဲ့ ဂိမ်းတွေကို ပြသခဲ့ပြီး ဒီဂိမ်းတွေကို ဘယ်လိုစိတ်ကူးတွေနဲ့ ပုံဖော်ခဲ့ကြတယ် ဆိုတဲ့အကြောင်းတွေကို ပြောကြားခဲ့ကြပါတယ်…

%d bloggers like this: