ရွှေမင်းသမီး ရုပ်ရှင်ဇာတ်ကားကြီးမိတ်ဆက်ပွဲ ကျင်းပပြုလုပ်

"ရွှေမင်းသမီး ရုပ်ရှင်ဇာတ်ကားကြီး "Red Carpet Show" အခမ်းအနား" ကို ဖေဖော်ဝါရီလ (၅) ရက်နေ့၊ ညနေ ၅ နာရီ၊ မိနစ် ၅၀ အချိန်မှာ သမ္မတရုပ်ရှင်ရုံ၌ ကျင်းပခဲ့ပါတယ်...

ထို အခမ်းအနားကို ရွှေမင်းသမီး ရုပ်ရှင်ဇာတ်ကားကြီးကို အဓိကဖန်တီးပုံဖော်ခဲ့ကြသော ဒါရိုက်တာ မီးပွား၊ ဇာတ်ညွန်း မိုးနီလွင်နှင့် အဓိကပါဝင်သရုပ်ဆောင်ထားကြသော ပြေတီဦး၊ စိုးပြည့်သဇင်၊ ဇင်ဝိုင်း၊ ကျော်ကျော်ဗိုလ်၊ ကောင်းပြည့် စသည့် သရုပ်ဆောင် များနှင့်အတူ အနုပညာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များနှင့် ပရိသတ်များ တက်ရောက်ခဲ့ကြပါတယ်...

အဆိုတော်ဖြစ်ချင်တဲ့ မိန်းခလေးတစ်ဦးရဲ့ အကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး လူ့လောက၊ လူ့သဘာဝမှာ ကြုံတွေ့ရမယ့် လူတွေရဲ့ အတ္တမာနတွေကို အရိုးရှင်းရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ကြောင်းသိရပါတယ်...

ရွှေမင်းသမီးရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှာစတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် တစ်ပြိုင်နက်တည်း ရုံတင်ပြသပေးသွားတော့မှာပဲ ဖြစ်ပါတယ်...

%d bloggers like this: