Italian Food Festival စာနယ်ဇင်းသတင်းစာရှင်းလင်းပွဲ ကျင်းပ

Italian Food Festival စာနယ်ဇင်းသတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် အင်းယားမြိုင်လမ်းပေါ်မှာရှိတဲ့ အီတလီသံအမတ်ကြီးရဲ့နေအိမ်မှာ ကျင်းပခဲ့ပါတယ်…

ဒီပွဲအခမ်းအနားမှာအီတလီအစားအစာတွေနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာ အကြောင်းအရာတွေကို  အီတလီသံအမတ် H.E Alessandra Schiavo က “အီတလီသံရုံး မှာရှိတဲ့ အီတလီအိမ်ယာရဲ့ပန်းခြံမှာ ကျင်းပပြုလုပ်မယ့် အီတလီ အစားအစာပွဲတော်ကို ဖိတ်ခေါ်ချင်ပါတယ်. ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေ ၄ နာရီကနေ ည ၉ နာရီအထိကျင်းပမှာဖြစ်ပါတယ်. ဒီပွဲမှာ ပါဝင်ပြသမည့် သူ ၂၀ ကျော်က အီတလီဝိုင် အမျိုးအစားများစွာ‌ကို ယူဆောင်ပေးမှာ ဖြစ်ပြီး မြို့တွင်းက အီတလီဆိုင် လေးဆိုင်လည်း ပါဝင်မှာဖြစ်ပါတယ်. ကော်ဖီ ၊ ရေခဲမုန့် ၊ ပီဇာ ၊ ပါစတာ ၊ ထမင်းဆာလတ်သုပ် ၊ ကိုကာ ၊ ဖရူတို နဲ့ ဆလာမီ ၊ ဝက်ပေါင်ခြောက် နဲ့ ဆလာမီ ၊ ဒိန်ခဲအမျိုးအစားများစွာ စတာတွေ ရရှိမှာဖြစ်ပါတယ်. ဒီနှစ်ပွဲတော်မှာ ပြင်ဆင်ထားတဲ့အရေးကြီးတဲ့ အရာတစ်ခုက ကလေးတွေရဲ့ ဖျော်ဖြေမှု ၊ ပီဇာလုပ်တဲ့အစီအစဉ် ၊ အီတလီဝိုင် ပြုလုပ်ခြင်းနဲ့ ပတ်သက်တာတွေ ပါဝင်မှာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်…

IKON Trading Co.,Ltd  မှ Assistant Sale Manager ဖြစ်သူ Amy Aye Thet ကလည်း “ဒီပွဲမှာ အီတလီ ရေခဲမုန့် နဲ့ အီတလီဝိုင်စစ်စစ်တွေကို ပါဝင်ပြသမှာဖြစ်ပါတယ်. ကိုယ်မသိသေးတဲ့ ပစ္စည်းအသစ်တွေ သိရမယ်၊ အစားအစာ အသစ်တွေကို သိရမည် ဆိုတော့ ဒီလိုပွဲမျိုးတွေသဘောကျပါတယ်” လို့ပြောကြားခဲပါတယ်…

ဒီပွဲလေးကိုပါဝင်ဆင်နွဲချင်သူတွေအတွက် ဝင်ကြေးအခမဲ့ဖြစ်ပြီး ဟင်းလျာတွေကိုတော့ မြန်မာကျပ် ၃၀၀၀ ကနေ ၈၀၀၀ ကြားသတ်မှတ်‌ပေးထားတယ်လို့ သိရပါတယ်...

%d bloggers like this: