AES Myanmar ရဲ့ လေးနှစ်ပြည့် အထိမ်းအမှတ်နဲ့ Audio Engineering Diploma မိတ်ဆက်ပွဲအခမ်းအနားကျင်းပ

AES Myanmar တည်ထောင်ခြင်း ၄နှစ်ပြည့်နဲ့ Audio Engineering Diploma မိတ်ဆက်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ က Novotel Hotel မှာ ကျင်းပခဲ့ပါတယ်...
ထို အခမ်းအနားကို အနုပညာရှင် အတတ်ပညာရှင်များ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ၊ AES Myanmar မှ ကျာင်းသူများနဲ့ မိဘများ၊ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များနှင့်ပရိသတ်များ က တက်ရောက်အားပေးခဲ့ကြပါတယ်...
Audio Engineering Diploma မှာ Audio Engineering, Music Production, Music Composition, Sound Designing, Sound Reinforcement နဲ့ Business & Performance Subjects အစရှိတဲ့ နယ်ပယ် အသီးသီးမှာ ကျွမ်းကျင်ပိုင်နိုင်စေဖို့ သင်ပြပေးသွားမှာဖြစ်ပါတယ်...
သင်ရိုးညွှန်းတန်းအရ Audio နဲ့ဆိုင်တဲ့ Module စုစုပေါင်း ၈ ခုကို အဓိကထားပြီး တစ်နှစ်တာကာလအတွင်း စာတွေ့လက်တွေ့လေ့လာနိုင်မှာဖြစ်ပါတယ်...
Diploma in Audio Engineering ကို လာမယ့် မေလ ၅ ရက်နေ့မှာ စတင်ဖွင့်လှစ် တော့မယ်လို့လည်းသိရပါတယ်...

%d bloggers like this: