Triple Camera , Game Monster လို့နာမည်ပေးထားတဲ့ Realme C3 နဲ့ C3i စမတ်ဖုန်းအသစ် မိတ်ဆက်ပွဲ အခမ်းအနားကျင်းပ

Realme Myanmar မှ Triple Camera , Game Monsterလို့နာမည်ပေးထားတဲ့ Realme C3 & C3i စမတ်ဖုန်း အသစ်မိတ်ဆက်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ (၂၅) ရက်နေ့က Lotte Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်...

ဒီအခမ်းအနားကို အနုပညာရှင် အတတ်ပညာရှင်များ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ၊ Realme မိသားစုဝင် များနှင့် ပရိသတ်များ တက်ရောက်အားပေးခဲ့ကြပါတယ်...

Realme C3 နဲ့ C3i စမတ်ဖုန်းအသစ်တွေ မှာ ပါဝင်လာမယ့် လုပ်ဆောင်ချက်တွေကို Realme Myanmar မှ U Wai Phyo Aung ( Head Of Brand Commuciations ) က အခုလို ပြောကြားခဲ့ပါတယ်..."ကျွန်တော်တို့ က ကမ္ဘာ့ပထမဆုံး MediaTek က ထုတ်ထားတဲ့ Helio G70 processor ကို အသုံးပြုထားပြီး၊ဘက်ထရီ မှာဆိုရင် 5000 mah ဆိုတော့ ပိုသာ သွားပါတယ် ၊Game ဆော့မယ်ဆိုရင်လည်း ကိုးနာရီလောက်ဆော့လို့ရမယ်၊ ဒါတွေက တစ်ခြား စီးရီးစ် တွေထက် အားသာချက်တွေဖြစ်လာတယ်"လို့ ပြောကြားခဲ့ပါတယ်...

Realme C3 & C3i စမတ်ဖုန်းအသစ်တွေကို ဖေဖော်ဝါရီလ ( ၂၉ )ရက်နေ့မှာ စတင်ဖြန့်ချိတော့မှာဖြစ်တယ်လို့လည်းသိရပါတယ်...

%d bloggers like this: