ရန်ကုန်ယူနိုက်တက်အသင်း နဲ့ လာအိုတိုယိုတာ အသင်းတို့ 2020 AFC Cup အုပ်စု(F) ပွဲစဉ် ယှဉ်ပြိုင်ကစား

ရန်ကုန်ယူနိုက်တက်အသင်းက လာအိုတိုယိုတာ အသင်းတို့ရဲ့ 2020 AFC Cup အုပ်စု(F) ပွဲစဉ်ကို ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပါတယ်…

ပွဲအပြီးမှာ ရန်ကုန်ယူနိုက်တက်အသင်းက လာအိုတိုယိုတာ အသင်းကို ၃ ဂိုး - ၂ ဂိုး နဲ့ အနိုင်ရရှိခဲ့ပြီးတော့ သတင်းစာရှင်းလင်းပွဲ ကို ဆက်လက်ကျင်းပခဲ့ပါတယ်.

ဒီပွဲရလဒ်နဲ့ ပတ်သက်ပြီး လာရောက်ကြည့်ရှုသူဖြစ်တဲ့ ကိုရဲနိုင်ဝင်း (Myanmar Special) က
“ ဒီနေ့ပွဲမှာ နှစ်သင်းစလုံး ခပ်အေးအေးပဲ ကစားသွားတယ်. ရန်ကုန်ယူနိုက်တက်အသင်းက ပထမပိုင်းမှာ ၂ ဂိုးရထားတော့ ပွဲကိုထိန်းဆော့ နေတယ်လို့ထင်တယ်. လာအို တိုယိုတာက ဂိုးတွေပြန်ရလာမှ ပွဲက ပြန်ပြီအသက်ဝင်လာတယ်. ၃ ဂိုးသွင်းနိုင်ပေမယ့် ၂ ဂိုး ပြန်ပေးလိုက်ရတာဆိုတော့ ပေးဂိုးတော့ များသွားတယ်. နည်းစနစ်ပိုင်းကတော့ သိပ်ပြီးကွာဟချက်မရှိပါဘူး. တိုယိုတာကလည်း အရမ်းကောင်းတဲ့ အသင်းထဲမှာ မပါပါဘူး“ လို့ သုံးသပ်ခဲ့ပါတယ်…

ဒီပွဲမှာအနိုင်ရခဲ့ပေမယ့် အားရကျေနပ်ဖွယ်တော့သိပ်မကောင်းဘူးဆိုတဲ့အကြောင်းကိုလည်း ကိုသက်ထွဋ်ညီညီက “ဒီနေ့ဆော့တာ ပုံမှန်ခြေစွမ်းကို မရောက်ဖူး. လူစားလဲတဲ့ နေရာမှာလည်း သိပ်အဆင်မပြေဘူး ဆိုတော့ လိုအပ်ချက်လေးတွေ ရှိတယ်” လို့ အကြံပြုပြောကြားခဲ့ပါတယ်…

%d bloggers like this: