၂၀၁၉ခုနှစ်အတွက်″မြန်မာ့လူမှုအကျိုးပြု(စံပြ)ထူးချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ

၂၀၁၉ ခုနှစ်အတွက်"မြန်မာ့လူမှုအကျိုးပြု(စံပြ)ထူးချွန်ဆုပေးပွဲအခမ်းအနား" ကို စနေနေ့ က ရန်ကုန်မြို့၊ မြန်မာကွန်ဗားရှင်းစင်တာ တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်...

ထို အခမ်းအနားကို လူမှုဝန်ထမ်း နှင့် ကယ်ဆယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပြီး မုဒိတာစကား ပြောကြားခဲ့ပါတယ်...

ဆုချီးမြှင့်ခံရသူများထဲတွင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည်လည်းတသက်တာမြန်မာ့လူမှုအကျိုးပြုပရဟိတ(စံပြ)ဆုကိုရရှိခဲ့ပါတယ်...

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်စား ဦးမိုးဇော်ဦးက ဆုကို လက်ခံရယူခဲ့ပါတယ်...

အခမ်းအနားသို့မတက်ရောက်နိုင်ခဲ့သောနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည်အသံဖိုင်ဖြင့်ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်...

အဆိုပါဆုကိုရုပ်ရှင်၊ဂီတ၊သဘင်အစည်းအရုံးမှ နာယကများ နှင့် ဥက္ကဋ္ဌ များက ပေးအပ်ခဲ့ကြပါတယ်...

ထို့နောက် မြန်မာ့လူမှုအကျိုးပြု ပရဟိတ (စံပြ) ထူးချွန်ဆုရရှိသူများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဆုများ ချီးမြှင့်ခဲ့တယ်လို့သိရပါတယ်...

%d bloggers like this: