ဆရာဇင်ဖြိုးပိုင်၏စာအုပ်မိတ်ဆက်ပွဲနှင့်မွေးနေ့ဟောပြောပွဲ အခမ်းအနား ကျင်းပ

ဆရာဇင်ဖြိုးပိုင်၏စာအုပ်မိတ်ဆက်ပွဲနှင့်မွေးနေ့ဟောပြောပွဲ အခမ်းအနား ကို ဖေဖော်ဝါရီလ (၂၉ )ရက်နေ့က ရန်ကုန်မြို့၊အလုံမြို့နယ်မှာရှိတဲ့ UMFCCI မှာကျင်းပခဲ့ပါတယ်...

သည်ပွဲကိုUMFCCI ကျောင်းသားကျောင်းသူများ၊မိဘဆရာများ၊ဖိတ်ကြားထားသောဧည့်သည်တော်များနဲ့ပရိသတ်များတက်ရောက်ခဲ့ပါတယ်...

သည်အခမ်းအနားနဲ့ပတ်သတ်ပြီးတော့ ဆရာဇင်ဖြိုးပိုင် က အခုလိုပြောကြားသွားခဲ့ပါတယ်...

"ဒီပွဲကတော့ လေနှစ်တစ်ကြိမ်မှလုပ်ဖြစ်တဲ့ ကျွန်တော့မွေးနေ့အမှတ်တရ ထူးထူးခြားခြားဖြစ်အောင် ဟောပြောပွဲလည်းလုပ်ရင်းအသစ်ထွက်စာအုပ်ဖြစ်တဲ့ အောင်မြင်မှုရေးရာ A to Z မဟာဗျူဟာ စာအုပ်ကိုလည်း လက်မှတ်ရေးထိုးပွဲလေးလည်း ကျင်းပဖြစ်တာပါ"လို့ပြောကြားခဲ့ပါတယ်...

MESI သင်တန်းကျောင်ကို ၂၀၁၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး၊ယခု မြန်မာတစ်နိုင်ငံလုံးမှာ MESI သင်တန်းကျောင်း ခွဲပေါင်း ၁၅ ခု ဖွင့်လှစ်ထားတယ်လို့လဲ သိရပါတယ်...

%d bloggers like this: