“ပျော်ရွှင်ဆင်နွှဲတိုင်းရင်းသားရိုးရာပွဲ” များရဲ့ ရောင်စုံဓါတ်ပုံပြိုင်ပွဲအတွက် ဂုဏ်ပြုဆုချီးမြှင့်ပွဲ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျင်းပပြုလုပ်တဲ့ “ပျော်ရွှင်ဆင်နွှဲတိုင်းရင်းသားရိုးရာပွဲ” များရဲ့ ရောင်စုံဓါတ်ပုံပြိုင်ပွဲအတွက် ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့မှာရှိတဲ့ Pan Pacific Hotel Ballroom ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်…

ပြိုင်ပွဲပြုလုပ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က ဓါတ်ပုံပညာဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခြင်း ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ပြောပြသွားခဲ့ပါတယ်… သည်ပြိုင်ပွဲကို ၂၀၀၃ ကစပြီး နှစ်စဉ်ကျင်းပလာခဲ့တာပဲ ဖြစ်ပါတယ်…

ပြိုင်ပွဲဝင်ဓာတ်ပုံများကိုတော့ တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့တွေကို ဓါတ်ပုံပညာအယူအဆများနဲ့ ပေါ်လွင်အောင် ရိုက်ကူးယှဉ်ပြိုင်ရတာပဲဖြစ်ပါတယ်… ဒါ့အပြင် အကဲအဖြတ်အဖွဲ့ဝင်များရဲ့မှတ်ချက်များ၊ ဆုရပြိုင်ပွဲဝင်များရဲ့စကားသံများနဲ့ ပြိုင်ပွဲဝင်ဓါတ်ပုံများကိုလည်း ဗွီဒီယိုထဲမှာ အသေးစိတ် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်…

%d bloggers like this: