Mobile Legends: Bang Bang Professional League Myanmar Season 3

ဂိမ်းဝါသနာပါသူတိုင်း အတွက် Clash of the Legends ပြိုင်ပွဲ...ြ

မန်မာနိုင်ငံရဲ့ ဂိမ်း ဝါသနာ ပါသူတိုင်းအတွက် အခွင့်အရေးကြီးတရပ် ဖြစ်လာမယ့် Mobile Legends: Bang Bang ရဲ့ Professional League Myanmar Season 3 ရဲ့ စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနားအကြောင်းကို YTV Channel ရဲ့ Y Event မှ စီစဉ်တင်ဆက်ပေးလိုက်ပါတယ်… အခု Y Event အစီအစဉ်မှ တင်ဆက်ပေးလိုက်တဲ့ ဒီစာနယ်ဇင်းရှင်းလင်းပွဲမှာ ဆိုရင် Gamer တွေရဲ့ စကားသံတွေ၊ ပွဲ စီစဉ်သူတွေရဲ့ စကားသံတွေ ကြားရမှာဖြစ်ပါတယ်…

ဒါကြောင့် ဘယ်လိုလူတွေဝင်ပြိုင်နိုင်မလဲ၊ ပြိုင်ပွဲရက်တွေက ဘယ်နေ့လဲ၊ ဘယ်လို ယှဉ်ပြိုင်ရမှာလဲ၊ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ် ပြိုင်တဲ့ အခါ ဘယ်လို အခွင့်အရေးတွေရမှာလဲ၊ Esport ဆိုတာ ဘာလဲ ဆိုတာတွေကို ဒီကနေတဆင့် သိရှိနိုင်တာကြောင့် ပါဝင်ယှဉ်ပြိုင်ချင်သူ ဂိမ်းဝါသနာပါသူတိုင်း ကြည့်သင့်တဲ့ အခမ်းအနားမြင်ကွင်းပုံရိပ်တွေကို တင်ဆက်ပေးလိုက်ရပါတယ်…

%d bloggers like this: