ရန်ကုန်မြို့တွင် ရွှေတိဂုံစေတီတော်အပါအဝင် ဘုရားစေတီတချို့ ပြန်မဖွင့်နိုင်သေး……..

ရန်ကုန်မြို့က ရွှေတိဂုံစေတီတော်အပါအဝင် ဘုရားစေတီတချို့ ပြန်မဖွင့်နိုင်သေးဘူးလို့ ဂေါပကအဖွဲ့ကနေသိရပါတယ်။ ရန်ကုန်တိုင်းအတွင်းက ဘုရားစေတီတွေကို ပြီးခဲ့တဲ့ ဇူလိုင်(၃၀)မှာ ပြန်ဖွင့်ခွင့်ပြုဖို့ တိုင်းအစိုးရက ကြေညာထားခဲ့ပေမယ့် ရွှေတိဂုံစေတီတော်အပါအဝင် ဘုရားစေတီတချို့ ပြန်မဖွင့်နိုင်သေးပါဘူးလို့သိရပါတယ်......

ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ဖို့အတွက် နည်းပညာဆိုင်ရာ ပြင်ဆင်မှုတွေဆောင်ရွက်နေဆဲကာလဖြစ်တဲ့အတွက်ကြောင့် ရွှေတိဂုံစေတီတော်ကို ပြန်မဖွင့်နိုင်သေးဘူးလို့လည်း ဂေါပကအဖွဲ့က ကြေငြာထားပါတယ်။ ရွှေတိဂုံစေတီတော်ကို ဩဂုတ်လ ဒုတိယအပတ်လောက်အစောဆုံးထားပြီး ပြန်ဖွင့်နိုင်ဖို့ကိုလည်း စီစဉ်နေတယ်လို့ ဆိုပါတယ်......

ကိုဗစ်ကာလမတိုင်ကာလတွေမှာ ရွှေတိဂုံစေတီတော်ကို နေ့စဉ်လာရောက်ဖူးမြော်တဲ့ လူဦးရေးဟာ သောင်းချီရှိနေတာကြောင့် စေတီတောကို ရုတ်တရတ်ပြန်ဖွင့်လိုက်ပါက ဘုရားဖူးပြည်သူတွေများစွားဝင်ရောက်လာနိုင်တဲ့အတွက် အွန်လိုင်းကနေ စာရင်းပေးသွင်းပြီး ဖူးမြော်နိုင်ဖို့ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။ အွန်လိုင်းကနေ စာရင်းပေးသွင်းပြီး ဖူးမြော်ခွင့်ပြုရာမှာ ဘုရားပေါ်မှာတစ်ကြိမ်ကို လူ(၆၀၀)နှုန်းနဲ့ COVID-19ရောဂါကာကွယ်ရေးညွှန်ကြားချက်တွေနဲ့အညီ ဖူးမြော်နိုင်ဖို့အတွက်လည်း စီစဉ်နေတာဖြစ်တယ်လို့သိရပါတယ်.........

Sourse / Photo ; Internet

%d bloggers like this: