COVID-19 နှင့်ပတ်သက်ပြီး ပြည်သူများ လုံးဝမပေါ့ဆကြရန် ကျန်းမာရေးဝန်ကြီးဌာန သတိပေးထုတ်ပြန်…………..

COVID-19နဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ လုံးဝမပေါ့ဆကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန သတိပေးထုတ်ပြန်လိုက်ပါတယ်။ ဇူလိုင်လဆန်းတည်းကစတင်ပြီး ကျန်းမာရေးဝန်ကြီးဌာနက နေ့တိုင်းနီးပါး သတိပေးစာတွေကို ထုတ်ပြန်နေခဲ့တာလည်းဖြစ်ပါတယ်......

တစ်ကမ္ဘာလုံးမှာ COVID-19ရောဂါဖြစ်ပွားမှုအခြေအနေအရ ဓာတ်ခွဲအတည်ပြုလူနာပေါင်း(၁၆)သန်းခွဲ ကျော်ရှိပြီး သေဆုံးသူက (၆)သိန်းခွဲကျော်အထိရှိနေတာပါ။ ကမ္ဘာတစ်ဝန်းမှာ COVID-19ကူးစက်မှုကြောင့် သေဆုံးမှုတွေဟာလည်း ဆက်လက်များပြားနေတာကြောင့် ပြည်သူတွေအနေနဲ့ လုံးဝမပေါ့ဆကြဖို့ကို ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှ လူစုလူဝေးရှိရာနေရာတွေကို မလိုအပ်ဘဲ လုံးဝမသွားကြဖို့၊ တစ်ဦးနဲ့ တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြဖို့နဲ့ ဖြစ်နိုင်ပါက အနည်းဆုံး(၆)ပေအကွာက နေထိုင်ပြောဆိုကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်......

ဒါ့အပြင် ပြည်သူတွေအနေနဲ့ အပြင်ထွက်တိုင်း နဲ့ လူစုလူဝေးရှိတဲ နေရာတွေကို သွားတဲ့အခါတွေတိုင်းမှာ ပါးစပ်နဲ့ နှာခေါင်းကို နှာခေါင်းစည်း စနစ်တကျနဲ့ မပျက်မကွက် တပ်ဆင်ကြဖို့အပြင် လက်မှာလည်းဗိုင်းရပ်စ်ပိုးက ကပ်ပါလာနိုင်တာကြောင့် ပျက်စီးသွားစေဖို့အတွက် လက်ကို ဆပ်ပြာ၊ ရေတို့နဲံ အနည်းဆုံး စက္ကန့်(၂၀)ကြာအောင် ဆေးကြောကြဖို့ကိုလည်း တိုက်တွန်းထားတာဖြစ်ပါတယ်.........

Sourse / Photo ; MOHS

%d bloggers like this: