Quarantine Centre ဝင်ရောက်နေသော နေရပ်ပြန်ပြည်သူများအား “နမ့်ခုံး” ရှမ်းများပရဟိတအသင်းမှ တစ်ကိုယ်ရေသုံး ပစ္စည်းများဒုတိယအကြိမ်ထောက်ပံ့ပေးအပ်ခဲ့…………..

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်မှာ တောင်ကြီးမြို့ “နမ့်ခုံး”ရှမ်းများပရဟိတ အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က မိုးနဲမြို့ နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ၊ထိန်းချုပ် ကုသရေး လုပ်ငန်း ကောက်မတီနှင့်ပူပေါင်းကာ အသင်းမှ ဒုတိယအကြိမ် ပံ့ပိုးတဲ့ တစ်ကိုယ်ရေသုံးပစ္စည်း များကို Quarantine Center များမှာဝင်ရောက် နေကြတဲ့ နေရပ်ပြန်ပြည်သူများအား ဇူလိုင်လ ၂၉ ရက်နေ့မနက် ၁၁ နာရီအချိန်က ထောက်ပံ့ပေးအပ်ခဲ့တယ်လို့သိရပါတယ်......

အခုလို မိုးနဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ၊ထိန်းချုပ် ကုသရေး လုပ်ငန်း ကော်မတီမှတာဝန်ရှိသူများ နှင့် တောင်ကြီးမြို့ နမ့်ခုံးရှမ်းများပရဟိတအသင်း ဗဟိုအလုပ် အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဌ ဦးစိုင်းလုံ နှင့်အဖွဲ့ဝင်များ၊ မိုးနဲမြို့နယ်“နမ့်ခုံး”ရှမ်းများပရဟိတအသင်း ခွဲမှ တာဝန်ရှိသူ များက Quarantine Center များမှာ ဝင်ရောက်လျက်ရှိတဲ့ မိုးနဲမြို့ပြည်သူ့ဆေးရုံမှ အမျိုးသမီး (၆) ဦး၊ နာဟောင်ရပ်ကွက် မိုးကုတ်ရိပ်သာကျောင်းမှအမျိုးသား (၇) ဦး စုစုပေါင်း (၁၃)ဦး အတွက် တစ်ကိုယ်ရေသုံး ပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ကြပါတယ်.......

အခုလို ပေးအပ်ရာမှာ သက်ဆိုင်ရာတာဝန်ရှိသူများက တစ်ဦးလျှင် ကျပ်(၁၇၀၀၀) တန်ဖိုးရှိ စောင်နှင့်တစ်ကိုယ်ရည်သုံးပစ္စည်းများ လက်ဝယ်အရောက်ပေးအပ် ဒုတိယအကြိမ်ထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်........

Sourse / Photo ; မျိုးညွန့်ရွှေ (မိုးနဲ)

%d bloggers like this: