ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှချထားပေးသော Outdoor Fitness Equipment အားကစားပစ္စည်းများအား လွှဲပြောင်းပေးအပ်ပွဲကျင်းပ…………

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှချထားပေးတဲ့ Outdoor Fitness Equipment အားကစားပစ္စည်းများအား လွှဲပြောင်းပေးအပ်ပွဲကျင်းပခဲ့တယ်လို့သိရပါတယ်…..

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ပြည်သူလွှတ်တော်ကိုယ်စားလှယ် ပါမောက္ခဒေါက်တာ အောင်ခင်ရဲ့ တင်ပြတောင်းခံမှုအရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချထားပေးတဲ့ Outdoor Fitness Equipment အားကစားပစ္စည်းများအား မြို့နယ်အတွင်းရှိ ကျောင်းသူ/သား၊ ပြည်သူများ အသုံးပြု ကစားနိုင်ရန် အ ထ ကကျောင်း(၁၁)ကျောင်း၊ မြို့နယ်ကျောက်တိုင်းကွင်း၊ ခရိုင်ပြန်ဆက်ရုံး၊ ရပ်ကွက်ကြီး(၃)လမ်းဆုံ၊ မြို့နယ် အားကာဘောလုံးကွင်း(သုမင်္ဂလာကွင်း)၊ အောင်ချမ်းသာရွာများကို လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့ မနက် (၁၀)နာရီမှာ ခရိုင် အားကစားကွင်း အစည်းဝေးခမ်းမမှာကျင်းပခဲ့တယ်လို့သိရပါတယ်…........

အဆိုပါ အခမ်းအနားကိုတော် လွှတ်တော် ဥက္ကဌ ဒေါက်တာ ခင်မောင်ဌေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း၊ ခရိုင်ကျန်းမာရေးမှူး ဒေါက်တာ သန်းဝင်း၊ စည်ပင်အမှုဆောင်အရာရှိ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ နှင့် ဌာနဆိုင်ရာများ မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ ဒီသတင်းကိုတော့ စိုးလွင်ဦး(မေမြို့)မှပေးပို့ထားပါတယ်…............

Source / Photo Crd ; soe lwin oo (Maymyo)

%d bloggers like this: