US Open ပြိုင်ပွဲကို ပရိသတ်မပါဘဲ ကျင်းပမယ်လို့ အမေရိကန် ဂေါက်သီးရိုက်အဖွဲ့ချုပ် ထုတ်ပြန်လိုက်………..

အမေရိကန် ဂေါက်သီးရိုက် အဖွဲ့ချုပ် USGA က ဒီနှစ် US Open ပြိုင်ပွဲကို COVID-19 အန္တရယ်ကြောင့် ပရိသတ် မပါဘဲ ကျင်းပမယ်လို့ ဗုဒ္ဓဟူးနေ့က သတင်း ထုတ်ပြန်လိုက်ပါတယ်......

ဒီနှစ် US Open ပြိုင်ပွဲကို အမေရိကန် ပြည်ထောင်စု နယူးယောက်မှာ လာမယ့် စက်တင်ဘာလ ၁၇ ရက်နေ့ကနေ ၂၀ ရက်နေ့ အထိ ကျင်းပမှာ ဖြစ်ပါတယ်။ US Open ပြိုင်ပွဲဟာ လာမယ့် အပတ် ဆန်ဖရန်စ္စကိုမှာ ပြုလုပ် ကျင်းပမယ့် PGA Tour Championship နောက်ပိုင်း ပရိသတ် မပါဘဲ ကျင်းပမယ့် ဒုတိယမြောက် ပြိုင်ပွဲ ဖြစ်လာမယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲ နှစ်ဦးစလုံးကို ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လမှာ ကျင်းပဖို့ အတွက် ကနဦး သတ်မှတ်ထားခဲ့ပေမယ့် COVID-19 အန္တရယ်ကြောင့် အခုလို ကျင်းပမယ့် အချိန်တွေ ပြောင်းလဲ ခဲ့ရတာပဲ ဖြစ်ပါတယ်....

အမေရိကန် ဂေါက်သီးရိုက် အဖွဲ့ချုပ် USGA အနေနဲ့ ဒီနှစ် US Open ပြိုင်ပွဲကို ဒေသတွင်း တာဝန်ရှိသူတွေနဲ့ ပြည်နယ်ကျန်းမာရေး တာဝန်ခံတွေရဲ့ အစီအစဉ်တွေအရ ပရိသတ် မပါဘဲ ကျင်းပမယ်လို့ သိရပါတယ်.. ...

Sourse / Photo ; Internet

%d bloggers like this: