ဥရောပ ပွဲစဉ်တွေမှာ ပါဝင်ဖို့ မသေချာတဲ့ မြောက်အိုင်ယာလန် ဂေါက်သီးရိုက် ကစားသမား မက်အီရွိုင်း…………………

မြောက်အိုင်ယာလန် နိုင်ငံသား ဂေါက်သီးရိုက် ကစားသမား ဖြစ်သူ ရိုရီမက်အီရွိုင်းက သူ့အနေနဲ့ လာမယ့် ဥရောပ ပွဲစဉ်တွေမှာ ပါဝင်ဖို့ မသေချာဘူးလို့ ပြောပါတယ်......

သူဟာ လက်ရှိမှာ ဒီတစ်ပတ် PGA Tour Championship ပြိုင်ပွဲနဲ့ လာမယ့် စက်တင်ဘာမှာ ကစားမယ့် US Open ပြိုင်ပွဲတွေ အတွက် အမေရိကန်မှာ ရောက်နေတဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ လက်ရှိ ဖြစ်ပွားနေတဲ့ COVID-19 ရောဂါ အန္တရယ်တွေကြောင့် သူဟာ အမေရိကန်မှာဘဲ ဆက်နေဖို့ များပြီး ဥရောပကို ပြန်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။ မက်အီရွိုင်းဟာ အောက်တိုဘာလမှာ ကစားမယ့် ဥရောပ ပွဲစဉ်တွေ ဖြစ်တဲ့ Scottish Open နဲ့ BMW PGA Championship ပွဲစဉ်တွေကို လွဲချော်ဖို့ များနေတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး သူဟာ လက်ရှိ ကမ္ဘာ့ အဆင့် ရပ်တည်မှု နံပါတ် ၂ နေရာမှာ ရပ်တည်နေတဲ့ ကစားသမား ဖြစ်တယ်လို့ သိရပါတယ်.......

Sourse / Photo ; Internet

%d bloggers like this: