COVID – 19 ကာလ စီးပွားရေး ကုစားမှုအစီစဉ်အရ ပျိုးပင်နှင့်မှိုမျိုးစေ့ ပေးအပ်ပွဲကျင်းပ………….

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခုနှစ် Covid 19 စီးပွားရေးကုစားမှု့အစီစဉ် ( Food Safety Project)အရ ဇွန်လ(၂၇) ရက်မနက်၈နာရီမှာ တာဝန်ရှိသူများမှ မဲတောအုပ်စု ကျွန်းတိုင်ကျေးရွာ ရှိ တောင်သူများအား ဟင်းသီးဟင်းရွက်မျိုးစေ့ များနှင့် တပိုင်တနိင် စိုက်ပျိုးနိင်ရန် မှို မျိုးထုပ်များကိုလဲ အခမဲ့ ပေးဝေခဲ့ကြပါတယ်…..........

ဆက်လက်ပြီး မနက် ၁၁ နာရီမှာ ကုန်းသာကြီးအုပ်စု ပင်တီးကျေးရွာကို ရောက်ရှိကြပြီး ဒေသခံတောင်သူများကိုလဲ ဟင်းသီးဟင်းရွက် မျိုးစေ့များနှင့် မှို မျိုးထုပ်များကိုအခမဲ့ပေးဝေခဲ့တယ်လို့ သိရပါတယ်။ အဆိုပါအခမ်းအနားကိုတော့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း (တိုင်း၁)၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး ဦးတိုးမင်း ၊ပြင်ဦးလွင်ခရိုင် စိုက်ပျိုးရေး ဦးစီမှုး ဦးအောင်လွင်ဦး ၊မြို့နယ် စိုက်ပျိုးရေးဦးစီမှူး ဦးအောင်စိုးဦးနှင့် ဌာနမှ တာဝန်ရှိလက်ထောက်ဦးစီးများ ၊ မှို သုတေသနဦးစီးဌာနမှ ဦးစီး ဒေါ်စိုးစိုးနွယ် ၊ လေ့လာသူများ ၊တောင်သူလယ်သမား ကိုယ်စလှယ်တော်များနှင့် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများလဲ တက်ရောက်ခဲ့ကြပါတယ်….....

ယခုလို covid19 ကပ်ရောဂါ အချိန်မှာ ဒေသခံတောင်သူများအနေဖြင့် စားသောက် ရေးအဆင်ပြေစေရန် နှင့် မှိုစိုက်ပျိုးခြင်းဖြင့်အချိန်တိုအတွင်း မိမိတို့လည်း စားသောက်နိင်သလို ပိုလျှံမှု့ကိုလည်း စီးပွားဖြစ်ပြန်လဲရောင်းချခြင်းဖြင့် အပိုဝင်ငွေလဲရရှိစေကာ တောင်သူများအနေနဲ့အဆင်ပြေစေရန်ရည်ရွယ်ပြီး ယခုလိုနိင်ငံတော်မှ စီစဉ် ထောက်ပံခြင်းဖြစ်တယ်လို့ လက်ထောက်ဦးစီး ဦးဇော်ဇော်စန်း ထံမှသိရပါတယ်။ ဒီသတင်းကိုတော့ စိုးလွင်ဦး(မေမြို့)မှပေးပို့ထားပါတယ်…......

Source / Photo Crd ; soe lwin oo (Maymyo)

%d bloggers like this: